Ch 15

15K 777 46
                                    

မိုးစက်တစ်ယောက် ကားသော့လေးကို လက်နှင့်
လှည့်ကာ လေလေးတချွန်ချွန်...

မိုးမေ--ဒါကဘယ်လဲ ....😒😒

မိုး--ချစ်သူနဲ့ သွားတွေ့....အယ်..ဘွာတေး.. သူငယ်ချင်းနဲ့ သွားတွေ့မို့😆😆😆

မိုးမေ--အချိုးတွေပြောင်းနေတယ်နော် ဒေါ်မိုး....စာပဲ ကြည့်နေတတ်တဲ ညည်းက
ဖုန်းကို လက်ကမချဘူး...ကျောင်းလဲ မှန်လိုက်တာ
မှလွန်ရော....မှန်မှန်ပြော...ရည်းစားရနေပြီလား😒

တည့်တိုးကြီးကို မေးလိုက်ပါလား မွေးမေမေရယ်

မိုး--ရည်းစားမုတ်ဘူးမေမေရဲ့ ချစ်သူ😆😆😅

မိုးမေ--ဘယ်သူလဲ ဘယ်ကအကောင်လဲ... 😒

မိုး--အကောင်မဟူတ်ပါဘူး မေမေရဲ့..

မိုးမေ--ဘာလဲ ဟိုတစ်ခါကလို ကောင်မလေးပဲလား

မိုးအမေက မိန်းကလေးချင်းတွဲတာကို ဘာမှမပြောပါ..။ မေမေပြောတဲ့ အချစ်ဆိုတာ ကန့်သတ်ချက်တွေမပါဘူးတဲ့။

မိုး--အင်း..ကောင်မလေးပါမေမေ..

မိန်းကလေးချင်းတွဲတာကို အပြစ်မမြင်ပေမယ့် ဟိုတစ်ခါကလို ကိုယ့်သမီးဖြစ်မှာ မမြင်ရက်။

မိုးမေ--သမီး မေမေဘာမှမပြောပါဘူး ဒါပေမယ့် စဉ်းစားပါဦး.. သူ့ကသမီးကို တကယ်ချစ်တယ်
ဆိုတာ သေချာလား

မိုး--သေချာပါတယ်မေမေ... ဒါပေမယ့် သမီး အလွယ်တကူ မဆုံးဖြတ်သေးပါဘူး...

မိုးမေ--ဟုတ်ပါပြီ မေမေ့သမီးလေး ကို ယုံပါတယ်

ဤသို့ စိတ်သဘောထားပြည့်ဝသော မွေးမေမေသာ ဘဝဆက်တိုင်း မိဘဖြစ်ပါစေသား။
⚊⚊⚊⚊⚊⚊⚊⚊⚊⚊⚊⚊⚊⚊⚊

သွန်းသွန်းစံအိမ်၌

မိုး--တီမေ... မိသွန်းလေ အချိုးတွေ ပြောင်းနေတယ်

မေ့မေ့ကို ချွဲပြီး သွန်းကို တိုင်နေသော မိုးစက်။

သွန်း--သူ့ကို မယုံနဲ့နော် မေမေ ...

အန်တီမေကတော့ တပြုံးပြုံး...။

မိုး--သွန်း...လာနင့်အခန်းထဲသွားရအောင်။

မိုးစက် သူ့လက်ကို ဆွဲပြီး ခေါ်သွားပေမယ့် အရင်ကလို ရင်မခုန်တော့။ ပိုင်ရှင်ရှိနေသူကို ကြိုက်နေသော စနိုက်ကြော်မ အဖြစ်မခံနိုင်တာထက် သူ့နှလုံးသား ဘယ်သူ့ဘက် ယိုင်နေသည်ဆိုတာ ကိုယ်တိုင်ပဲ သိပါသည်။😌
(အာသာလည်း သိတယ်😂😂)

Crush of meWhere stories live. Discover now