နှင်း--မမ သူက မိုးစက်တဲ့... ညမလေးနဲ့ ရွယ်တူ😄
မိုးစက်ဆိုတဲ့ ကောင်မလေးဟာ အခုထက်ထိ နေနှိုင်းကို ရင်ခုန်အောင် လုပ်နိုင်စွမ်းရှိ နေပါသေးသည်။
မိုး-- မနေနှိုင်းခ.. ကောင်းသော တွေ့ဆုံခြင်းပါ😊
ကောင်းသော တွေ့ဆုံခြင်းက ဆိုးရွားသော အဆုံးသတ်တစ်ခုဖြစ်တတ်တယ် မိုးရယ်။
အပြုံးတုဖြင့်...
နေ--ဟုတ်ကဲ့... 😊😊
ဘာမှ မသိရှာသူ နှင်းရတီကတော့ ၂ယောက် အဆင်ပြေသည် ထင်ပြီး ပြုံးပျော်နေလျက်...
နေ-- နှင်းလေးချစ်သူက ကောင်မလေးတစ်
ယောက် ဖြစ်နေလိမ့်မယ်လို့ မမ မမျှော်လင့်ထားဘူးနှင်း-- အချစ်မှာ မျက်စိမရှိဘူးတဲ့ မမရဲ့ မိုးစက်က လေ အရမ်း တည်ငြိမ်တယ်.. အေးဆေးတယ်.. နားလည်မှုရှိတယ်.. ညမလေးကိုလည်း ချစ်တယ် မမရဲ့..
ချစ်တယ်ဆိုသော စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ နှလုံးသားကို နွေးထွေးအောင် လုပ်ပေးတဲ့နေရာမှာ ဘုရင်တစ်ဆူဖြစ်သလို နာကျင်အောင် ထိုးနှက်တဲ့ အခါမှာလည်း ဆရာတစ်ဆူဖြစ်တယ်။
ညမလေးကို ချစ်တယ်တဲ့လား ...မိုးရယ်..
နေ-- နှင်းလေးက ငယ်ပါသေးတယ်..
နှင်း -- မမကလဲ ၁၈ပြည့်လို့ ၁၉ထဲတောင်ရောက်နေပြီလေ ညမလေးကို ကလေးလေးလို မြင်နေတာတွေ ရပ်တော့..😔
မိုးစက်ကတော့ နှင်းရတီကို ပြုံးပြီး ကြည့်နေလေရဲ့
ချစ်သူစကားပြောနေတာလေးကပဲ ကိုယ့်အတွက် ပီတိဆေးတစ်ခွက်လို😍😍။
နေ-- မမ သဘောမတူနိုင်ဘူး နှင်းလေး☺☺☺
နှင်း-- ညမလေးက မမရဲ့ ခွင့်ပြုချက်ကို တောင်းနေတာမဟုတ်ပါဘူး.. 😊 ညမလေးချစ်သူနဲ့ မမကို မိတ်ဆက်ပေးရုံတင် ပါ😊 မမ သဘောမတူတာကို ဂရုမစိုက်ဘူး
မိုးစက်ကတော့ နေနှိုင်းခကို ဘာတတ်နိုင်သေးလဲ ဆိုသည့် အကြည့်ဖြင့် ကြည့်နေ၏။
နေ-- မမတို့ ညီအမနှစ်ယောက်ပဲရှိတာ ညမလေး သိတယ်နော်။ သွေးသားအရင်းကြီးဖြစ်တဲ့ မမကို ဥပေက္ခာပြုပြီးတော့ သူစိမ်းနောက်ကို လိုက်တော့ မှာလား 😤
YOU ARE READING
Crush of me
Romanceကိုယ် crushနေတဲ့ ကောင်မလေးက ကိုယ့်ကို ချစ်ကြောင်းဖွင့်ပြောသောအခါ (Both Zawgyi amd Unicode)