Bonus

12.9K 680 26
                                    

*zawgyi*

"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။ "

အ​ပေါ်မှ နှင်းရဲ့ ဘုရားရှိခိုးသံ​ကြောင့်​ မိုးစက်​လဲ စိတ်​ထဲမှ လိုက်​ရွတ်​​နေရင်း ​ဟင်းသီးဟင်းရွတ်​တို့အား ​ဆေး​ကြော​နေလိုက်​သည်​။

ဒီနှစ်​ထဲနဲ့ဆို မိုးနဲ့ နှင်းတို့ရဲ့ အိမ်​​ထောင်​သက်​ ၅နှစ်​ ပြည့်​ပြီး ဖြစ်​ပြီး က​လေးတစ်​​ယောက်​လဲ ​မွေးစားထားသည်​။

က​လေးကလဲ မိုးတို့နှင့်​ ​စိမ်းလှသည်​​တော့မဟုတ်​။ မိုး​မေ​မေရဲ့ အမျိုးဖက်​က ​ဖြစ်​သည်​။ ​က​လေး​မွေးပြီးပြီးချင်း မိခင်​ဖြစ်​သူက ဆုံးသွားပြီး ဖခင်​ဖြစ်​သူမှာလဲ မရှိ​သော​ကြောင့်​ ​စောင့်​​ရှောက်​မယ့်​သူမရှိတာနဲ့ မိုးတို့ ​မွေးစားလိုက်​ခြင်းဖြစ်​သည်​။

မိုး​မေ​မေက​တော့ ​မြေး​လေး ရပြီဆိုပြီး သ​ဘော​တွေကျ​နေ​လေရဲ့။ 

"မားမား "

ချစ်​သမီး​လေး ​ခေါ်သံကြား၍ ​နောက်​သို့လှည့်​ကြည့်​လိုက်​​သော ​မေ့မေ့ရဲ့ ရင်​ခွင်​ထဲမှ ၄နှစ် အရွယ်​ မိုးနဲ့ နှင်းတို့ သမီး​လေ မိုးမခနှင်း။

မိုး- " သမီး​လေးက ဘွားဘွားဆီမှာ မနက်​​စောကြီး ချွဲ​နေတာလား "

မျက်​နှာတစ်​ပြင်​လုံး ​နေရာလွှတ်​မကျန်​​အောင်​ ​မွှေး​မွှေး​ပေးရင်း​ပြောလိုက်​​သော​ကြောင့်​ သူ့ရဲ့ လက်​ဖဝါး ​သေး​သေး​လေးများနှင့်​ မိုးရဲ့ မျက်​နှာ အား အတင်း တွန်းဖယ်​ရင်း

"မားမား ညစ်​ပတ်​"

မိခင်​ဖြစ်​သူဆီမှာ လက်​လွှဲချီလိုက်​ရင်း

မိုး- "​မေ​မေ ညက ​မေ့​မေ့​မြေး​ကြောင့်​ အိပ်​ရရဲ့လား"

မိုး​မေ​မေ - "အိပ်​ရပါ့​တော်​ ​နော်​ ​မြေး​လေး"

"ဟုတ်​ရယ်​ မီး ဖွားဖွားကို ဘားမှ လုပ်​ဝူး "

မပီကလာ ပီကလာနဲ့ ​ပြော​နေ​သော သမီး​လေးကို ​မြှောက်​ချီပြီး အာဘွား အခါတစ်​ရာ​လောက်​ ​ပေးမိပြန်​သည်​။

Crush of meWhere stories live. Discover now