Chapter 1️⃣ [U+Z]

1K 92 14
                                    

Lincoln's Pov

Hi everyone! သားသားနာမည်က Lincoln Paul Kim လို့ခေါ်ပါတယ်ခင်ဗျ။ သားသားက အသက်လေးနှစ်ရှိပါပြီခင်ဗျ။ သားသားက Kim Taeyeonရဲ့တစ်ဦးတည်းသောသားပါ။ သားဖေဖေက ဗိသုကာပညာရှင်တစ်ယောက်ပါ။ ဖေဖေ့အလုပ်ဆိုတာကို သားသားသိရသလောက်ကတော့ အိမ်ပုံတွေ၊အဆောက်အဦးတွေ၊ ပြီးတော့ တစ်ခြားဟာတွေအများကြီးဆွဲရတယ်ဆိုတာပါပဲ။ သားက သားရဲ့Daddyကို သိပ်ချစ်တာဗျ။ သားမှာ ဖိုးဖိုး၊ဖွားဖွားအပြင် Daddy တစ်ယောက်တည်းရှိတာ။

သားရဲ့မေမေက သားသားမွေးကတည်းကဆုံးသွားပါပြီ။ Daddyကပြောတယ်၊ Mommyက သားအတွက်နဲ့ သူ့အသက်ကို စွန့်လွှတ်ခဲ့တာတဲ့။ သားရဲ့Mommy အသက်ရှင်နေသေးရင် သိပ်ကောင်းမှာပဲ။ အမေရှိကြတဲ့အခြားကလေးတွေကို သား သိပ်အားကျတာ။ သားရဲ့ကစားဖော်၊ကစားဖက်သူငယ်ချင်းတွေကလေ၊ သူတို့အမေက ဘယ်လောက်တောင် ဟင်းချက်ကောင်းတာ၊ သူတို့ကို ဘယ်လိုဂရုစိုက်တာ၊ ပြီးတော့ ညအိပ်ယာဝင်တိုင်း သူတို့ကို ဘယ်လိုမျိုးပုံပြင်တွေပြောပြီးသိပ်တာဆိုပြီး အမြဲပြောကြတယ်။

သားအတွက်ကတော့ သားရဲ့Daddyကပဲ သည်အရာတွေအားလုံးကို လုပ်ပေးတာ။ သားတို့အတွက် Daddy ပဲဟင်းချက်တယ်၊ သားကိုလည်း ဂရုစိုက်တယ်။ ညဘက်လည်း ပုံပြင်ပြောပြတယ်။ သားအတွက် Daddyက ဖခင်ကောင်းတစ်ယောက်ဆိုပင်မယ့် Daddy အထီးကျန်နေမယ်ဆိုတာ သားသိတယ်။

သား Daddyကို ဧည့်ခန်းထဲမှာ တစ်ယောက်တည်းထိုင်နေတာကို အမြဲတမ်း တွေ့နေကျ။ Daddyကိုကြည့်ရတာ ဝမ်းနည်းနေတဲ့ပုံပဲ။ Mommyကို သားလွမ်းသလောက် Daddyလည်း လွမ်းနေမယ်ဆိုတာ သားလောင်းရဲတယ်။ Daddyအတွက် စကားပြောဖော်တစ်ယောက်လောက် သားလိုချင်လိုက်တာ။ Daddy သားကို ဂရုစိုက်သလိုမျိုး Daddyကို ဂရုစိုက်ပေးသူတစ်ယောက်လောက်ရှိရင် သိပ်ကောင်းမှာပဲ။

သား Mommyအသစ်ရှာမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ သားရဲ့Daddy ပျော်အောင်လို့ သားလုပ်ပေးမယ်။

At Kim's Household....

တနင်္လာနေ့မနက်အစောပိုင်း၌ Taeyeonသည် သူတို့သားအဖနှစ်ယောက်အတွက် မနက်စာပြင်နေသည်။ ဒါက သူတို့သားအဖအတွက်တော့ ထုံးစံလိုဖြစ်နေပါပြီ။ သူက ဝက်ဆားနယ်ခြောက်နှင့် ကြက်ဥကိုကြော်နေသည်။ အခြားကလေးတွေ မနက်တိုင်း တောင်းဆိုကြသလိုမျိုး Lincoln ကလည်း ဝက်ဆားနယ်ခြောက်ကို ကြိုက်သည်။ ကြော်လှော်ပြီးသည့်နောက် သူအတွက် ကော်ဖီတစ်ခွက်နှင့် Lincoln အတွက် နွားနို့ပူပူလေး ဖျော်လိုက်သည်။

Daddy's Angel (Translation) 《အကန့်အသတ်မရှိရပ်စဲ》Where stories live. Discover now