Chapter 3️⃣ [U+Z]

690 84 14
                                    

Taeyeonနှင့် Lincolnတို့ အီတလီစားသောက်ဆိုင်၌ နေ့လည်စာစားနေကြသည်။ သူ့ပါးစပ်မှာ spaghetti sauces နှင့်ပေပွနေသည်။ သူက spaghetti ကို တကယ်ကြိုက်သည်။ Taeyeonကတော့ သူ့ကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေသည်။ သူ့သားလေးက ဒေါသကြီးတဲ့အမျိုးသမီးကို ဘာလို့ mommyလို့ခေါ်တာလဲဆိုတာကို သိချင်နေမိသည်။ သူ့အမေရဲ့ပုံပန်းသဏ္ဍာန်ကို သူ မှတ်မိသည်လေ။ Taeyeon သူ၏အမေကိုတမ်းတစိတ်များ ပြေပျောက်စေရန် သူမဓာတ်ပုံများကို ပြလေ့ရှိသည်။

Lincolnလေးအတွက် အမေလိုအပ်နေသည်ကို သူ သတိပြုမိသော်လည်း သူ့မှာ ဒုက္ခတွေ့နေသည်။ သူ နောက်တစ်ကြိမ် ချစ်မိဖို့ဆိုတာ သူ့အတွက် မသေချာ၊ သူ့အချစ်ဦးက သူတို့၏အဖိုးတန်ရတနာလေးကို ကယ်တင်ဖို့ရန် အသက်စွန့်သွားခဲ့သည်။ ညတိုင်း သူ အထီးကျန်သလိုခံစားရသည်။ သူ့ဇနီးကို လွမ်းဆွတ်တမ်းတနေသော်လည်း သူ ဘာမှမတတ်နိုင်။

"Daddy, သားမှာ ဘာလို့ Mommy မရှိတာလဲဟင်" ဒီမေးခွန်းက သူ့ကို ထိတ်လန့်တကြားဖြစ်သွားစေသည်။ သူ ကလေးကို ကြည့်လိုက်သည်။

"ဘာလို့ ရုတ်တရက်ကြီး ဒီလိုမေးတာလဲ သား? သားအတွက် Daddy ရှိရုံနဲ့တင် မလုံလောက်ဘူးလား?"

" သားက တစ်ခြားကလေးတွေမျိုး Mommy ရှိချင်လို့ပါ"

Taeyeon သူ့သားကို ငေးကြည့်နေမိသည်။ သားရဲ့အသံမှာ ဝမ်းနည်းမှုတွေပါဝင်နေမှန်း သူ ခံစားသိနေသည်။ သူ့ရဲ့angelလေးက အမေ လိုချင်နေတာပဲ။

"သားသူငယ်ချင်းတွေက သားမေမေ ဘယ်မှာလဲဆိုပြီး သားကို အမြဲမေးတယ်။ Lincolnက မေမေက ကောင်းကင်ဘုံမှာလို့ သူတို့ကို ပြောလိုက်တော့ သားကို ဝိုင်းပြီးအနိုင်ကျင့်ကြတော့တာပဲ"

"Daddyကို ဘာလို့ အခုမှပြောရတာလဲ။ သူတို့ သားကို တခြားဘာထပ်ပြောသေးလဲ"

"သား daddyကို မနှောင့်ယှက်ချင်လို့ပါ။ Lincoln daddyဆီကို ပြဿနာတွေမပေးချင်ဘူး၊ daddyက အလုပ်တွေကော၊ သားကို ဂရုစိုက်နေလို့ မအားမလပ်ဖြစ်နေတာလေ"

"Ow, သား Daddy ကို အားလုံးပြောပြလို့ရပါတယ်၊ Daddyက သားအတွက် အမြဲရှိနေမှာပါ"

Lincoln ခေါင်းလေးမော့ကြည့်သည်။ သူ့ထိုင်ခုံမှဆင်းကာ သူ့Daddyပေါင်ပေါ်သို့တက်ထိုင်လိုက်ကာ ဖက်လိုက်သည်။ သူ့Daddyကို သူ သိပ်ချစ်သည်။

Daddy's Angel (Translation) 《အကန့်အသတ်မရှိရပ်စဲ》Where stories live. Discover now