Chapter 1️⃣1️⃣ [U+Z]

576 81 20
                                    

ဘာလိုလိုနှင့် တနင်္ဂနွေနေ့သို့ ရောက်လာခဲ့သည်။ ဒီနေ့တစ်နေ့ကုန်ဆုံးသွားသည်နှင့် ဓာတ်ပုံရိုက်ရမည့်နေ့သို့ ရောက်လာတော့မည်။ ဗျာများရသော စာချုပ်၌ လက်မှတ်ထိုးပြီးနောက် taeyeon သည် အိမ်ပြန်ရောက်ရောက်ချင်း သူ၏ customer ထံသို့ ဖုန်းဆက်လိုက်သည်။ သူ့အမေ၏အပြုံးက သူ့အား ကြက်သီးထစေသည်။

သူမသည် သူနှင့် lincoln တို့ ဘယ်လောက်တောင် ချစ်ဖို့ကောင်းသည်ဆိုသော အဓိပ္ပါယ်မရှိသည့်စကားများကို ကရားရေလွှတ်ပြောနေသည်။ သူ့လို အရွယ်ရောက်ပြီးသားယောကျ်ားတစ်ယောက်ကို ချစ်ဖို့ကောင်းသည်ဟု ပြောနေပုံထောက်လျင် သူ့အမေ ရူးများရူးသွားပြီလား။

သူ မနက် နိုးလာသောအခါ မီးဖိုချောင်သို့ဝင်၍ ချက်ပြုတ်နေသည်။ lincoln ကတော့ အိပ်ပျော်နေဆဲပင်။  မနက်ဖြန် ဘာတွေဖြစ်လာမည်ကို ကလေးလေးကတော့ မသိနိုင်ပေ။ သူသိတာက သူသည် သူ့ mommy နှင့် အတူတူတွဲ၍ အလုပ်လုပ်ရမည်ဆိုတာပင်၊ ဒါကိုပဲ taeyeonက စိုးရိမ်နေခြင်းဖြစ်သည်။ အစည်းအဝေးပြီးသွားပြီးနောက် lincolnက tiffany အကြောင်း မေးနေတာမပြီးနိုင်တော့ချေ။ ကလေးက သူမကို တော်တော်လေး သဘောကျနေသည်။

သူ့အမေကတောင်မှ သူ့ကို စိတ်ကသိကအောက်ဖြစ်အောင် လုပ်လာသည်။ သူမသည် tiffanyက ဘယ်လောက်လှကြောင်း၊ သူတို့နှစ်ယောက် ဘယ်လောက်တောင်လိုက်ဖက်ကြောင်း ဆက်တိုက်ပြောနေသည်။ ထို့အပြင် သူမပြောသည့် မဖြစ်နိုင်သည့်အရာတစ်ခုက သူမ  နောက်ထပ်မြေးချီဖို့ မစောင့်နိုင်တော့ဘူးဆိုသည့်စကားပင်။ ဒါ ဘာကိုဆိုလိုချင်တာလဲ။ သူနှင့် tiffanyအတွက် ဒါက လုံးဝကို မဖြစ်နိုင်သောအရာပေ။

သူ မတူညီသောဖြစ်နိုင်ချေများကို တွေးရင်း အလုပ်ရှုပ်နေတုန်း ရုတ်တရက် သူ့ဖုန်းက ထမြည်လာသည်။ ဖုန်းဆက်သူက yuri ပင်။

"what's up bro? မင်း မနက်ဖြန်နဲ့ သန်ဘက်ခါအတွက် ခွင့်ရက်ယူထားတယ်ဆို ဟုတ်လား?" ဟု yuriက မေးသည်။ သူ့သူငယ်ချင်း taeyeonက ရုတ်တရက် ခွင့်ထယူတက်သည့်သူမျိုးမဟုတ်တာကို သိသည့်အတွက် သူ တော်တော်လေး အံ့သြနေသည်။

"အင်း....ကိစ္စလေးတစ်ခုပေါ်လာလို့ ခွင့်ယူလိုက်ရတာပါ၊ မင်းက ဘာလို့ မေးတာလဲ"

Daddy's Angel (Translation) 《အကန့်အသတ်မရှိရပ်စဲ》Where stories live. Discover now