Chapter 1️⃣0️⃣ [U+Z]

539 84 28
                                    

Tiffany နှင့် Taeyeon တို့သည် ဘာမဟုတ်တာလေးကို ဆက်၍ငြင်းခုန်နေကြသည်။ သူတို့ ငြင်းခုံနေသည်ကို အစအဆုံးတွေ့ကြသည့်ဝန်ထမ်းများက ပြုံးရယ်နေကြသည်။ သူတို့သည် လင်မယားနှစ်ယောက် စကားများနေကြသည်ဟုတာ တွေးနေမိကြ၏။ Tiffany၏ ဆွဲဆောင်မှုအောက် မကျဆင်းသွားသည့်ယောကျ်ားတစ်ယောက် ရှိနေသည်ကို သူတို့ မယုံနိုင်ဖြစ်နေကြသည်။

Taeyeonက Tiffanyကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူမက သူ့ကို သူ့သားအတွက် သူက ဘယ်လိုအဖေမျိုးလဲဟု ဝေဖန်ကဲ့ရဲ့သည်။ Lincoln သူ့အဖေကို သွား၍ဖက်လိုက်သည်။ သူသည် သူ့အဖေကို မည်သူနှင့်မျှ ရန်မဖြစ်စေလို၊ အထူးသဖြင့် သူ၏mommyနှင့် ပို၍ပင် ရန်မဖြစ်စေချင်။

Mrs.Kimက သူတို့ကြားဝင်၍ "Taeyeon-ah တော်လိုက်တော့.." သူမက သူမသားခေါင်းကို ခေါက်လိုက်သည်။ သူမ ခေါင်းခေါက်လိုက်သည့်နေရာကို သူ ပွတ်နေရှာသည်။ "ငါ မင်းကို ဒီလိုသင်ထားသလား၊ အနေအထိုင် ဆင်ခြင်စမ်းပါ၊ လူတွေ မင်းကို ဝိုင်းကြည့်နေတယ်၊ မင်း အမေ့ကို အရှက်ရအောင် လုပ်နေတာပဲ"

"ဒါပေမယ့်....ဒါ အမေ့အမှားလေ...ကျွန်တော် Lincoln ကို ဒီနေရာမှာ ရှိမနေစေချင်ဘူးလို့ ကျွန်တော် အမေ့ကိုပြောထားတယ်လေ...အခုတော့ အမေ ကျွန်တော့်စကားကို အလေးမှမထားဘဲ"

"မင်းအခု အမေကို ပြန်ပြောနေတာလား" သူမ သူ့လက်မောင်းကို ခပ်ပြင်းပြင်းရိုက်လိုက်သည်။ Taeyeon နာကျင်သောကြောင့် မျက်နှာရှုံမဲ့မဲ့ဖြစ်သွားသည်၊ သူ ငြိမ်ငြိမ်လေးနေဖို့သာ ဆုံးဖြတ်လိုက်သည်၊ မဟုတ်လျင် သူ့အမေ သေအောင်ရိုက်တာကို သူ ခံရနိုင်သည်။

Taeyeon သက်ပြင်းချလိုက်သည်။ သူသည် သူ့အမေနှင့် စကားများတိုင်း သူ ဘယ်တော့မှ မနိုင်ခဲ့။ သူ ဒီကိစ္စကို အမြန်ဖြတ်ပြီး သူ့သားနှင့်အတူ အိမ်ပြန်ချင်နေပြီ။ "မဟုတ်ရပါဘူး အမေရယ်....ကျွန်တော်တို့ အခု အိမ်ပြန်လို့ရပြီလား?"

"မရသေးဘူး....ဒီမှာ လုပ်ရမယ့်ကိစ္စတွေရှိသေးတယ်၊ ကဲ...အခု ငါတို့ professional ဆန်ဆန် ပြုမူကြတာပေါ့၊ ပြီးတော့ young lady လေး...ကျွန်မသားရဲ့ ရိုင်းပျတဲ့အပြုအမူအတွက် ကျွန်မကပဲ လေးလေးနက်နက်နဲ့ တောင်းပန်ပါတယ်"

Daddy's Angel (Translation) 《အကန့်အသတ်မရှိရပ်စဲ》Where stories live. Discover now