Chapter 1️⃣4️⃣ [U+Z]

628 114 24
                                    

အကြင်နာပေးပြီးနောက် Taeyeon၏နှလုံးသားထဲ၌ တစ်စုံတစ်ခုက ဝင်၍မွှေနှောက်နေသည်။ Tiffanyကို သူ ချစ်မိသွားမှန်း သူ့ကိုယ်သူ သတိထားမိသွားသည်။ သူသည် အိမ်သို့ပြန်ကာ Lincoln ကို သိပ်လိုက်သည်။ Tiffany၏နှုတ်ခမ်းများက မည်မျှနူးညံ့သည်ကို သူ ဆက်တိုက်တွေးတောရင်း အိပ်လို့မပျော်ချေ။

Tiffanyအကြောင်း တွေးနေရင်း သူ ပြုံးနေမိသည်။ သူ့မိန်းမ ဆုံးသွားပြီးနောက် နောက်တစ်ကြိမ် အချစ်ကို ပြန်၍ခံစားမိသည်မှာ သာယာကြည်နူးဖွယ် ကောင်းလှသည်။

သူ၏ဘယ်ဘက်ခြမ်းသို့ သူ လှည့်ကြည့်လိုက်သည်။ ထိုနေရာ၌ သူနှင့် Irene တို့၏ မင်္ဂလာဆောင်ဓာတ်ပုံလေး ရှိ၏။ ထိုဓာတ်ပုံကို ယူ၍ သူ၏ရင်ဘက်ပေါ်၌ ကိုင်ထားရင်း "Irene, ကို မင်းတစ်ယောက်တည်းကိုပဲ ချစ်ပါမယ်လို့ ကတိပေးထားတာကို ကို သိပါတယ်၊ ဒါပေမယ့် ကိစ္စလေးအချို့ ဖြစ်သွားခဲ့တယ်၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကို့ဘဝထဲဝင်လာပြီး ကို့နှလုံးသားကို ဆွဲယူသွားတယ်လို့ ကို ပြောရမလားပဲ။ ဒါ မင်း ကို့ကို ကိုယ့်ဘဝကိုယ် ရှ့ဆက်ပြီး ပျော်ပျော်နေပါလို့ ပြောတဲ့သဘောလား။ ကို နှလုံးသား ခေါ်ဆောင်ရာ နောက်ကို လိုက်သင့်သလား။ Lincolnလည်း သူမကို တော်တော် သဘောကျနေတာ။ သူမကို ကို့ဆီခေါ်ဆောင်လာပေးတဲ့အတွက် ကျေးဇူးပါ honey. မင်းက ကို့နှလုံးသားရဲ့ အထူးစပရှယ်အနေနဲ့ ရှိနေမှာပါ။ ဒါပေမယ့် အခု ကို ကိုယ့်ဘဝကိုယ် ရှေ့ဆက်ပြီး နောက်တစ်ခါ ပျော်ပျော်နေရတော့မယ်။ ပြီးတော့ Tiffanyက ကို့ကို ပြန်ပြီးတော့ ပျော်ရွှင်လာအောင် လုပ်ပေးနိုင်မယ်ထင်တယ်။ ကို မင်းကို ချစ်တယ် ပြီးတော့ ကိူ မင်းကို နောက်တစ်ခါ ကျေးဇူးတင်ပါတယ်" သူမပုံလေးကို သူ နမ်းလိုက်သည်။ သူ အိပ်ယာမှထ၍ သူ၏စတိုခန်းထဲသို့ ဝင်သွားသည်။ ထိုအခန်း၌ သူ့အတွက် အရေးပါသောအရာအားလုံးကို ထည့်၍သိမ်းဆည်းထားသော သေတ္တာလေးကို သူ ရှာတွေ့သွားသည်။ သူသည် ထိုသေတ္တာကိုဖွင့်ပြီး ဓာတ်ပုံကို ထည့်လိုက်သည်။ သူ ပြန်ပိတ်ပြီးနောက် သူ့မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာသည်။ သူနှင့် Lincoln တို့ ဘဝအသစ် စချိန်တန်ပြီဖြစ်သည်။ သူတို့ နောက်တစ်ကြိမ် ပျော်ရွှင်ချိန်တန်ပြီဖြစ်သည်။ Tiffanyကို သူ ချစ်ရေးဆို၍ သူပိုင်သောအရာအဖြစ် ပြောင်းချိန်တန်ပြီဖြစ်၏။

Daddy's Angel (Translation) 《အကန့်အသတ်မရှိရပ်စဲ》Where stories live. Discover now