Chapter 5️⃣ [U+Z]

631 84 15
                                    

Tiffany နှင့် သူမအဖေတို့ စကားပြောကြသည့်နေကတည်းကဆိုလျင် ယခုတစ်ပတ်တောင်ကြာပြီဖြစ်သည်။ သူမအဖေပြောသောစကားကြောင့် သူမ စိတ်ဖိစီးလျက်ရှိသည်။ သူမ၏ ideal type က ဘယ်လိုမျိုးလဲဟု သူမကိုယ်သူမ ပြန်မေးကြည့်သော်လည်း ဘာမှပေါ်မလာခဲ့။

ပြီးတော့ တစ်ပတ်လုံးလုံး သူမ ဟိုကလေးလေးအကြောင်းကို စဉ်းစားနေမိသည်။ ကောင်လေးက ချစ်ဖို့ကောင်းတာကိုတော့ ဝန်ခံရပေမည်။ သို့သော် သူမ ကလေးယူဖို့တော့ အဆင်သင့်မဖြစ်သေးပေ။

တစ်ပတ်ကြာပြီးသည့်နောက် သူမ တစ်ယောက်ယောက်ထံမှ အကြံဉာဏ်တောင်းဖို့ လိုနေပြီ၊ ထိုသူကတော့ သူမ၏အချစ်ဆုံးသူငယ်ချင်း Jessica မှတစ်ပါး အခြားသူမရှိပေ။

Jessica နှင့် ကလေးဘဝတည်းက ရင်းနှီးခင်မင်လာကြတာဖြစ်သည်။ သူမတို့အဖေတွေကလည်း သူငယ်ချင်းတွေပင်။ ထို့ကြောင့် နှစ်ယောက်လုံးက တစ်ယောက်အကြောင်းတစ်ယောက် ခရေစေ့တွင်းကျ သိနားလည်ကြသည်။ သူမတို့က ညီအစ်မအရင်းတွေလိုပင်။

Jessica သည် အိမ်ထောင်ပြုပြီးတာ ၆နှစ်တောင်ရှိနေပြီ။ သူမလို ice princess တစ်ယောက်က လက်ထပ်ပြီး ပျော်ရွှင်စရာမိသားစုလေး တည်ထောင်နိုင်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့။ သူမသည် အင်ဂျင်နီယာတစ်ယောက်ဖြစ်သော Kwon Yuri နှင့် လက်ထပ်လိုက်သည်။ သူမတို့က တက္ကသိုက်မှာကတည်းက တွေ့ခဲ့ကြတာဖြစ်သည်။ Kwon Yuriက Jessica နှင့် တစ်ခြားစီပင်။ သူသည် အပြင်၌ အလုပ်လုပ်ရသည်ကို နှစ်သက်သည်၊ ဖျတ်လက်၍ ပျော်ပွဲရွှင်ပွဲများကို နှစ်သက်သည်။ Ice princess ကတော့ တစ်နေကုန်အိပ်နေရတာကိုသာ နှစ်သက်သဘောကျသည်။ တကယ်ပဲ ဆန့်ကျင်ဘက်ခြင်း ဆွဲဆောင်နိုင်တာလား။

သူမ ဖုန်းကိုထုတ်၍ သူမသူငယ်ချင်းထံ ဆက်လိုက်သည်။ ခဏအကြာ၌ သူမဖုန်းကိုင်သည်၊ သူမအနောက်က ဆူညံသံကိုလည်း ဖုန်းထဲမှ ကြားနေရသည်။

"Hello Tiff, ဘာကိစ္စလဲ? နင် ငါ့ကို ဖုန်းမခေါ်တာတောင် ကြာပြီ" ဟု Jessica ကပြောသည်။

"ဘာမှမဟုတ်ပါဘူး... ငါ နင့်ကို သတိရလာလို့.."

"ဪ...အေးအေး... ငါ့ သတိရတယ်လို့ လာမပြောနဲ့....တစ်ခြားကိစ္စရှိမှန်း ငါ သိတယ် Tiff."

Daddy's Angel (Translation) 《အကန့်အသတ်မရှိရပ်စဲ》Where stories live. Discover now