Chapter 1️⃣8️⃣ [U+Z]

909 82 30
                                    

ပန်းခြံတွင် မနက်ခင်းပိုင်း လမ်းလျှောက်ပြီးနောက် Mr.Kim အိမ်သို့ ပြန်လာလေသည်။ သူက ခန္ဓာကိုယ်ကို ကျန်းမာ၊ဖျတ်လတ်၊သန်စွမ်းစေချင်သည်။ သို့ပင်မယ့် အိမ်သို့ ပြန်ရောက်လာသောအခါ သူ ထိတ်လန့်သွားရသည်။ နေရာတိုင်းမှာ လူတွေနှင့် ပြည့်နှက်နေကာ အသံတွေကလည်း ကျွတ်ကျွတ်ညံနေသည်။ သူ့မိန်းမကို သူ လိုက်ရှာမိသည်။ ဒီကမောက်ကမအခြေအနေ၏လက်သည်က သူ့မိန်းမမှန်း သူ သိနေသည်လေ။

"Hyori-ah, မင်း ဘယ်မှာလဲ" ဧည့်ခန်းထဲသို့ သူ ဝင်လာသည်။

"Oh Yeobo...ကျွန်မ ပန်းခြံထဲမှာ" ဟု သူမ အော်ပြောသည်။ Mr.Kim ပန်းခြံသို့ လျှောက်လာသောအခါ ဘေးပတ်လည်၌ ပန်းများနှင့် ရှိနေသော သူ့မိန်းမအား တွေ့လိုက်ရသည်။

"Hyori, ဒါ ဘာအဓိပ္ပါယ်လဲ။ ဒီလူတွေကကော ဘယ်သူတွေလဲ၊ ပြီးတော့ ကိုယ်တို့အိမ်မှာ ဘာလာလုပ်နေကြတာလဲ"

"စိတ်လျော့စမ်းပါ....သူတို့က ကျွန်မတို့သားရဲ့ မင်္ဂလာပွဲအတွက် တာဝန်ယူထားပေးတဲ့သူတွေ၊ ကျွန်မ သူတို့နဲ့ စကားပြောပြီးသွားပြီ၊ သူတို့က ဒီကို မင်္ဂလာပွဲကျင်းပမယ့်နေရာ၊ ပန်းတွေကို ဘယ်လိုအလှဆင်မလဲဆိုတာရယ်၊ အကျွေးအမွေးအစီအစဉ်နဲ့ Tiffany ဝတ်ဖို့ သတို့သမီးဝတ်စုံအကြောင်း တိုင်ပင်ဖို့ ရောက်နေကြတာပါ။ အမယ်လေးလေး....သူမ သိပ်ချစ်ဖို့ကောင်းနေမှာ...ရှင် ဝတ်စုံဒီဇိုင်းကို ကြည့်ကြည့်မလား" သူမက သူမယောကျ်ားလက်မောင်းကို ဆွဲ၍ သူမဘေး၌ အတင်းထိုင်ခိုင်းနေသည်။ သူမယောကျ်ားကတော့ သူ့မိန်းမ ရူးများသွားသလားဟူသော အကြည့်ဖြင့် သူမကို ကြည့်နေသည်။ သူမသည် ဒီ အတင်းလက်ထပ်ခိုင်းမည့် မင်္ဂလာပွဲအတွက် တော်တော်လေးကို အလေးအနက်ထားနေပုံရသည်။

"ဒါနဲ့ Mrs.Kim, ဒီသတို့သမီးဝတ်စုံကို ဘယ်လို သဘောရပါသလဲ" ဟု သူတို့ရှေ့၌ ထိုင်နေသော အမျိုးသားတစ်ယောက်က ရုတ်တရက် မေးသည်။

"Jo Kwon ရှင်က တကယ့်ကို အံ့သြဖို့ကောင်းတဲ့ designer တစ်ယောက်ပါပဲ... ဒီဝတ်စုံလေးက သိပ်ချစ်ဖို့ကောင်းတယ်....အသေးစိတ်ပြင်ထားတာလေးတွေကိုက အံ့သြဖို့ကောင်းလိုက်တာ... ကျွန်မ ရှင့်ဒီဇိုင်းတွေကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးဘူး...ဒီဝတ်စုံလေးက ကျွန်မချွေးမလောင်းလေးနဲ့ သိပ်လိုက်မှာ..." ဟု သူမက ပြောသည်။ သူတို့ ရယ်မော၍ အခြားအကြောင်းအရာများကို ဆက်ပြောကြသည်။

Daddy's Angel (Translation) 《အကန့်အသတ်မရှိရပ်စဲ》Where stories live. Discover now