Chapter 7️⃣ [U+Z]

602 81 21
                                    

"ရှင်ပဲကိုး၊ ရှင် ဒီကို ဘာလာလုပ်တာလဲ?"

"Hello to you too, Ms.Hwang."

အခုလေးတင်ရောက်လာသော အမျိုးသမီးကို Taeyeon စိုက်ကြည့်နေသည်။ သူမသည် သူ့သားကို ငိုအောင်လုပ်ခဲ့သော အမျိုးသမီး ဖြစ်သည့်အပြင် သူ့မိဘတွေကို အရှက်ရစေခဲ့သည့်အရင်းခံပင်ဖြစ်သည်။ သူမကို သူ ခြေဆုံးခေါင်းဆုံး ကြည့်နေသည်။

Taeyeon သူမကို စူးစိုက်၍ကြည့်နေသည်ဟု Tiffany သတိပြုမိသည်။ သူမသွားမည့်လမ်းကို သူ ပိတ်ရပ်ထားသောကြောင့် သူမ စိတ်ပျက်လာမိသည်။ သူမ ဗိုက်ဆာနေသောကြောင့် ထမင်းစားချင်နေလှပြီ၊ မနက်ခင်းအစောပိုင်းကတည်းက သူမ အလုပ်ရှုပ်နေသောကြောင့် သူမ မနက်စာစားဖို့ မေ့နေခဲ့သည်။

"ရှင် လမ်းဖယ်ပေးလို့ရမလား? ကျွန်မ အရမ်းပင်ပန်းနေပြီ ဒီတော့ ရှင့်ရဲ့နှာဘူးအကြည့်နဲ့ကြည့်နေတာကို ရပ်ပြီးတော့  ကျွန်မကို အိမ်ထဲဝင်ခွင့်ပေးပါဦး၊ ဒါနဲ့ Jessi ဘယ်ရောက်နေတာလဲ?" သူမ Taeyeon တွန်းတိုက်၍ သူမဘာသာသူမ အိမ်ထဲဝင်လာခဲ့သည်။

အိမ်နောက်ဘက်မှ ရယ်သံအချို့ကို သူမ ကြားလိုက်ရသည်။ ထို့နောက် သူမ ဧည့်သည်နှစ်ယောက်ကိုပါ တွေ့လိုက်သည်။ "Oh နင် ရောက်လာသားပဲ၊ နင် မလာနိုင်တော့ဘူးလို့တောင် ငါ ထင်နေတာ." Jessica သူမကို ဖက်ကာနမ်း၍ နှုတ်ဆက်လေသည်။ Yuri ထိုင်ရာမှထ၍ သူမဆီသို့ လျှောက်လာကာ သူမကို ဖက်လိုက်သည်။ Sooyoung က မတ်တပ်ရပ်ကာ သူမကို ဦးညွှတ်၍ နှုတ်ဆက်လေသည်။ Sunnyကတော့ သူမကို ဖက်ပြီး နှုတ်ဆက်သည်။

"ငါ မနက်အစောကြီးကတည်းက photoshoot လုပ်နေရတာ၊ Oh my god! ငါ ဗိုက် အရမ်းဆာနေပြီ."

"အရင်စားလိုက်ဦး၊ ရော့.. ဒီမှာ ပန်းကန် Tiff ကြိုက်တာသာထည့်စား." Jessica သူမကို ပန်းကန်တစ်ချပ်နှင့် ဇွန်းခက်ရင်းတစ်စုံ လှမ်းပေးသည်။ သူမ စ၍ ဟင်းအမယ်စုံ ထည့်လေတော့သည်။ ခုနကလူ အနီးအနားမှာ မရှိတာကိုလည်း သူမ သတိထားမိသည်။ တကယ်တော့၊ Taeyeonက သန့်စင်ခန်းဝင်ပြီး အပေါ့သွားနေခြင်းဖြစ်သည်။

သူ ပြန်လာသောအခါ သူ့သူငယ်ချင်းတွေနှင့် သူမကို အတူတူတွေ့လိုက်ရသည်။ Yuriက သူ့ကို သတိထားမိကာ သူတို့နှင့် မိတ်ဆက်ပေးသည်။ "မင်း ပြန်ရောက်လာပြီပဲ၊ အင်း...Taeng..ငါ မင်းကို ငါ့မိန်းမရဲ့အချစ်ဆုံးသူငယ်ချင်း Tiffany နဲ့ မိတ်ဆက်ပေးမလို့၊ Tiffany ဒါ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း Taeyeonတဲ့၊ သူလည်း မင်းအဖေရဲ့ကုမ္ပဏီမှာ လုပ်တာ.."Taeyeon ခေါင်းညိတ်ပြတာကို သူမက မသိချင်ယောင်ဆောင်၍ အကြည့်လွှဲသွားသည်။

Daddy's Angel (Translation) 《အကန့်အသတ်မရှိရပ်စဲ》Where stories live. Discover now