Chapter 1️⃣5️⃣ [U+Z]

614 84 15
                                    

ကစားကွင်း၌ 'date' ပြီးနောက်နေ့များတွင် Taeyeon နှင့် Tiffany တို့ နှစ်ယောက်လုံး တစ်ယောက်အကြောင်းတစ်ယောက် မတွေးပဲမနေနိုင်ကြပေ။ သူတို့ တွေးလေလေ၊ ပိုပိုပြီးတော့ တစ်ယောက်ကိုတစ်ယောက် ချစ်မိလာကြလေသည်။

Taeyeon ရှိသမျှသတ္တိလေးကို စု၍ Jessica ထံ ဖုန်းခေါ်ကာ Tiffany နဲ့ ပတ်သက်သမျှ အကြောင်းအရာများကို မေးမြန်းတော့သည်။ သူမအတွက် သူသည် သင့်တော်မှန်ကန်သော သူတစ်ယောက် ဖြစ်ချင်နေပြီး  သူမ၏ ထာဝရ အချစ်ဆုံးသူငယ်ချင်း Jessica Jung Kwon ထက် သူမအကြောင်း ပိုပြီးသိသောသူ ဖြစ်ချင်နေသည်။

Ring....Ring...

ခဏအကြာ၌ ထိုသူ ဖုန်းကိုင်လိုက်သည်၊ သူ့ရင်တွေ ပေါက်ကွဲမတတ်ကို သူ ရင်တုန်၊စိတ်လှုပ်ရှားနေသည်။

"Ah...ဟုတ်ကဲ့....umm....Hello...ကျွန်တော် Taeyeonပါ" သူ စကားတွေ ထစ်နေသည်။

"Oh hi Taengoo? ဘာလို့ ဖုန်းခေါ်တာလဲ? Yuri ရုံးမှာ မဟုတ်ဘူးလား?" Jessica တော်တော်လေး အံ့သြနေသည်။ Taeyeon Yuri နဲ့ ပြောချင်ရင် Yuriရဲ့ ဖုန်းကို ခေါ်လိုက်ရင် ရနေတာပဲကို။

"Ah ဟုတ်ပါတယ်၊ တကယ်တော့ ငါတို့ တွေ့ပြီးပါပြီ၊ အခုက ငါ မင်းနဲ့ စကားပြောချင်လို့"

"Ow...ငါလား? ငါ နင့်အတွက် ဘာလုပ်ပေးရမလဲ?"

"အာ....အဲ့ဒါကလေ...မင်း ငါ့ကို ကပ်ဖားကောင်၊ ထူးဆန်းတဲ့ကောင်၊ ဒါမှမဟုတ် တစ်ခြားလိုမထင်စေချင်ဘူး၊ အင်း....ငါ မင်းကို Tiffany အကြောင်း မေးချင်လို့ ပြီးတော့ ဒီအကြောင်း မေးဖို့က မင်းက အသင့်တော်ဆုံးလူပဲလေ"

"Ok, နင် သူ့အကြောင်း ဘာသိချင်လို့လဲ?"

"ငါ သူ ကြိုက်တဲ့အရာ၊ မကြိုက်တဲ့အရာတွေ၊ သူ စိတ်ဝင်စားတဲ့အရာ၊ သူ ဘယ်အစားအသောက်ကို ကြိုက်လဲ? သူ့ဝါသနာ...အကုန်လုံးပေါ့ဟာ" သူမ ဘာကြိုက်သလဲဆိုတာကို သူ နေ့ပေါင်းများစွာ သိချင်နေမိသည်။

"အဲ့မေးခွန်းတွေကို ငါ မဖြေခင် သူ့ကို နင် စိတ်ဝင်စားနေတာလားလို့ ငါ မေးလို့ရမလား၊ ငါ ပြောချင်တာက နင် ငါ့ကို ဒီလိုမေးခွန်းတွေ မေးလို့ရပါတယ်၊ ဒါပေမယ့် နင် သူ့ကို စိတ်မဝင်စားဘူးဆိုရင် ဒါ အချိန်ဖြုန်းနေတာပဲလေ" Taeyeon ဘာကြောင့် သူမ၏အချစ်ဆုံးသူငယ်ချင်းအကြောင်း မေးတာပါလိမ့်ဟု တွေးရင်း သူမ ပြုံးရယ်နေသည်။

Daddy's Angel (Translation) 《အကန့်အသတ်မရှိရပ်စဲ》Where stories live. Discover now