Chapter 1️⃣6️⃣ [U+Z]

619 81 16
                                    

Taeyeon တစ်ယောက် computer ကို အသည်းအသန် စိုက်ကြည့်နေသည်။ သူက Tiffanyအတွက် ပြီးပြည့်စုံသော date လေး လုပ်ပေးချင်သည်။ သူက အများသူငါတွေလို အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်တာမျိုး၊ ကြီးကျယ်သော စားသောက်ဆိုင်တွေမှာ ညစာသွားစားတာမျိုးလည်း မလုပ်ချင်၊ တစ်မူထူးခြားတာကိုသာ အလိုရှိနေသည်။

သူ စိတ်ဓာတ်ကျနေစဉ်တွင် ကြော်ငြာလေးတစ်ခု screen ပေါ်မှာ ပေါ်လာသည်။ ထိုကြော်ငြာက အားလပ်ရက် အပျော်ခရီးသုံးကား ငှါးသည့် ကြော်ငြာပင်ဖြစ်သည်။ ထိုကား၌ သက်တောင့်သက်သာရှိသော အိပ်ယာ၊ အသေးစားမီးဖိုချောင်လေးနှင့် ရေချိုးခန်းတို့ ပါဝင်သည်။ outdoor date အတွက် သင့်လျော်သောကားပင်။ တစ်မူထူးခြားသော date အတွက် ရှားမှရှားသော အစီအစဉ်ပင်။

သူက ကြိုတင်စာရင်းသွင်းရသော form ကို ဖြည့်ကာ သူ၏ credit card ဖြင့် ငွေချေလိုက်သည်။ လာမယ့်စနေနေ့ အား၊မအား Tiffanyဆီ သူ လှမ်း၍ ဖုန်းဆက်လိုက်သည်။

ဖုန်းမြည်သံ သုံးကြိမ်တောင်မပြည့်သေးခင်မှာပဲ တစ်ဘက်က ဖုန်းကိုင်လေသည်။ ဖျတ်လက်တက်ကြွနေသော Tiffanyက hello ဟု ထူးလေသည်။

"Hello, Tae Tae!"

"Hi Fany, ဟို....လာမယ့်စနေနေ့ မင်း အား၊မအား ကို သိချင်လို့၊ ရာသီဥတုကလည်း သာယာတယ်ဆိုတော့ ခရီးထွက်ဖို့ ကောင်းမယ်လို့ မင်း ထင်လား?"

"စနေနေ့လား? Hmm...ခဏလေးနော်...ကျွန်မ အချိန်ဇယားတွေ ပြန်ကြည့်လိုက်ဦးမယ်" သူမ အချိန်ဇယားဆွဲတဲ့သူကို အဲ့နေ့ သူမ ဓာတ်ပုံရိုက်ရန်၊ ဒါမှမဟုတ် တစ်ခြားချိန်းဆိုထားတာ ရှိ၊မရှိ မေးလိုက်သည်။ စနေ့နေ့က သူမ အားသည့်နေ့ဖြစ်နေသည်ကို တွေ့ပြီး သူမ ပြုံးသွားသည်။

"ရှင် ကံကောင်းတယ်၊ ကျွန်မ ဒီအပတ် အားတယ်၊ ဒီတော့ ရှင် ကျွန်မကို ဘယ်နေရာကို ခေါ်သွားမှာလဲ?" ဟု သူမ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူတို့ ဒီရက်ပိုင်းအတွင်း မကြာခဏ ချိန်းတွေ့ဖြစ်ကြသည်။ Taeyeonက သူမကို သိပ်ဂရုစိုက်လေ့ရှိသည်။ ငယ်ရွယ်သောကလေးတစ်ယောက်အဖေဖြစ်သူက သူမကို အမြဲအချိန်မှန် အစာစားဖြစ်အောင် ဂရုစိုက်သည်၊  သူတို့ အပြင်ထွက်၍ ညစာစားလျင်စားသည်၊ ဒါမှမဟုတ် သူမအတွက် သူ ချက်လာပေးသည်။

Daddy's Angel (Translation) 《အကန့်အသတ်မရှိရပ်စဲ》Where stories live. Discover now