အပိုင်း ၂

2.1K 160 9
                                    

အဲ့လိုနဲ့ ငေးကြည့်နေဆဲဖြစ်သည့် ကောင်လေးကို
Taeyeon လက်သည်းကိုတကျိကျိမြည်အောင်
ကိုက်ရင်းသာ ကြည့်နေရှာသည် ။ ကြည့်နေရင်း
Taeyeon မြင်လိုက်သည်က ကောင်လေး၏
လက်တစ်ဖက်နောက်ကွယ်က Camera လေးပင်
ဖြစ်သည် ။ နေရာမှ ထွက်ပြေးမလို့ကြံထားပေမယ့်
ထိုအခြင်းအရာက Taeyeon ကိုထွက်မပြေးစေရန်
ထိန်းချုပ်ထားလိုက်လေပြီ ။ ကြံရာမရသည့်အဆုံး
ကောင်လေးနားကို Taeyeon ကပ်သွားပြီး ချော့ဖို့
ကြိုးစားသည် ။

" အာ ... ကလေး ! Unnie ကိုအဲ့ Camera လေး
ပေးပါလား ? ခဏကြည့်ချင်လို့ ... "

ကောင်လေးက အခြေအနေကိုသဘောပေါက်ပြီး
သူ့ Camrea ကိုပို၍ပင် ကွယ်လိုက်ကာခေါင်းရမ်း
သည် ။ ကောင်လေး၏ အပြုံးကို Taeyeon မြင်တော့
ဘုရားသာတမိသည် ။ အခုခေတ်ကလေးတွေလည်း
အတော်ပျက်စီးနေကြပြီမှန်း ကောင်းကောင်းကြီး
နားလည်လိုက်ပေပြီ ။ ကလေးမျက်နှာနဲ့ကောင်လေး
အသက်က 8 နှစ်ဝန်းကျင်ဆိုတာ လုံးဝသေချာသည်မို့
Taeyeon လက်မလျော့ပဲ ထပ်ကြိုးစားပြန်သည် ။

" Unnie မုန့်ဝယ်ကျွေးမယ်လေ ... နော် ..."

မက်မောဖွယ်အပြုံးနဲ့ပြောတော့ ကောင်လေးက
ခဏတော့ တွေဝေသွားသည် ။ ဒါအပြင်ကောင်လေး
ပြောလိုက်သည့်စကားက Taeyeon ကို ဘေးကျပ်
နံကျပ်ဖြစ်စေတော့သည် ။

" ဟင့်အင်း ... ကျနော်ကမုန့်မရချင်ဘူး ... ကျနော့ပါးကို
နမ်းရင်တော့စဉ်းစားပေးမယ် ... "

စကားတတ်သည့်ကလေးဆို ငုံထားမတတ်ချစ်သော
KimTaeYeon တစ်ယောက် အခုချိန်တွင် သူ့ရှေ့က
ကလေးကို မျက်မှောင်ကုတ်ကာ ကြည့်မိသည် ။
ကလေးတစ်ယောက်ကိုနမ်းလိုက်ခြင်းက ဘာမှမဖြစ်
ဘူးဟူ၍ ကိုယ့်ကိုကိုယ် Taeyeon ဖျောင်းဖျနေသည်။
နောက်ဆုံး Taeyeon ကောင်လေး၏ ဖောင်းထားတဲ့
ပါးတစ်ဖက်ကို မျက်လုံးစုံမှိတ်ကာ နှုတ်ခမ်းအစုံဖြင့်
သွားရောက်ထိကပ်လေတော့သည် ။

Taeyeon နှုတ်ခမ်းလေးက အတန်မျှထိကပ်ပြီး
ပြန်ဆုတ်သွားတော့ကောင်လေးကျေနပ်သွားဟန်
ပြုံးလိုက်ပြီးCamera လေးကို Taeyeon လက်ထဲထည့်လိုက်သည် ။

" Bye Bye ... မမလှလှလေး ..."

ထွက်သွားတဲ့ကောင်လေးကျောပြင်ကို ငေးကြည့်နေ
ရင်း Taeyeon အသိဝင်လာပြီး Camera လေးထဲမှာ
သူမပုံကို ရှာဖွေမိတော့ တွေ့ရသည့်ပုံတွေက ရှု့ခင်း
ပုံတွေကြီးပဲသာဖြစ်သည် ။ အထင်နဲ့အမြင် တက်တက်
စင်အောင်လွဲမှု ကောင်လေး၏အခွင့်ကောင်းယူတတ်
မှုတို့ကြောင့် Taeyeon ငိုချင်စိတ်ပင်ပေါက်သွားပြီး
အောက်နှုတ်ခမ်းကိုဖိကိုက်ကာရွှေဝါရောင်ဆံနွယ်တို့ကို စိတ်ညစ်ညူးစွာဖြင့်ဖွလိုက်မိသည် ။

StarWhere stories live. Discover now