Tiffany တို့ Company ရှေ့ကို Taeyeon ကျောင်း
ဝတ်စုံကြီးနှင့် လွယ်အိတ်ပိုက်ကာ ဆူပုတ်ပုတ်နဲ့
ရောက်လာသည် ။ သူမရဲ့မနေ့ကမှ တော်လိုက်တဲ့
ရည်းစားလတ်လတ်ဆက်ဆက်ကြီးက သူ့ကို ကျောင်း
လိုက်ပို့မယ် ။ စောင့်နေပါတဲ့ ။ Taeyeon သူ့ဘဝကို
သူ တွေးရင်းစိတ်ပျက်နေသည် ။ သူ့အစ်ကို JiWoong
ကဒီပုံစံကိုမြင်ရင် သူ့ Mission အောင်မြင်မည်ဟု
ထင်မှာမလွဲပေမဲ့ တကယ်ကတော့ Taeyeon က
အစ်ကိုနဲ့ Tiffany ကြားပိတ်မိနေတဲ့ သူပင် ။
သူမရဲ့နေ့စဉ်လက်သုံးစကားလိုဖြစ်လာတဲ့
စကားကို သက်ပြင်းချရင်း ပြောလိုက်မိပြန်သည် ။" ဖြစ်သမျှအကြောင်း အကောင်းပဲမှတ်တော့ ...
Taeyeon ရေ ... "ထိုစဉ်တွင် Company ထဲကနေ Tiffany ထွက်လာ
တာကို မြင်လိုက်တာကြောင့် Taeyeon မျက်နှာ
သိသိသာသာမဲ့သွားသည် ။ သူမသူငယ်ချင်းတွေ
ရဲ့ ဝသီအတိုင်း အပြောခံလိုက်ရမယ့်ဖြစ်ခြင်း ။ ဒါပေမဲ့
မတတ်သာပဲ Tiffany ရဲ့ကားလေးထဲ ဝင်ထိုင်
လိုက်သည် ။လမ်းတလျှောက်လုံးတိတ်နေတဲ့ Taeyeon ကြောင့်
Tiffany ခမျာ သူ့ကောင်မလေးမျက်နှာကို ခဏခဏ
ကြည့်ကြည့်နေရသည် ။ ရွာတော့မယ့်မိုးလို မျက်နှာ
လေးက Tiffany စိတ်သောကရောက်စေသည် ။
ဒါကြောင့်ပဲ ကားကို လူရှင်းတဲ့တစ်နေရာမှာရပ်
လိုက်ပြီး Taeyeon ကို ကြည့်သည် ။" ဘာဖြစ်နေတာလဲ ... "
Taeyeon အံ့သြသွားသည် ။ မေးမှမေးရက်ပါရဲ့ ... ။
" ဘာဖြစ်နေတာလဲ " တဲ့ ။ မသိရင် နှစ်ဦးသဘောတူ
ရည်းစားဖြစ်ထားတဲ့အတိုင်း ။ သူ့ကိုမှ နုရွပြီး
ချစ်ပေးရမယ့်အတိုင်း ။ ဘုတောတောချင်တဲ့စိတ်လေး
ကဝင်လာပြီး အပေါက်အလမ်းမတည့်အောင်ပဲ
Taeyeon ပြန်ပြောသည် ။" ဘာမှမဖြစ်ဘူး ... ခင်ဗျားနဲ့ မဆိုင်ဘူး ... !
နောက်ကျနေပြီ ... မောင်းတော့ ... "Tiffany ဒေါသကြောင့် မျက်နှာကသိသိသာသာ
ရဲတက်လာသည် ။ ဒီကလေးမ အတော်ရိုင်းတာပဲ ။
ဘယ်လောက်ချစ်ချစ် စော်ကားခံရတာများလာတော့
Tiffany သည်းခံစိတ်ကို နည်းနည်းလျော့သည် ။" ဘာ ! မင်းဘာပြောလိုက်တာလဲ ? မင်းအတော်
ရိုင်းတာပါလား ? Huh ? လူကြီးကိုဘယ်လိုဆက်ဆံ
ရမယ်လို့ မင်းမိဘကမသင်ထားဘူးလား ? "