နောက်ပိုင်းမှာ Taeyeon ကျောင်းပြန်တက်သည် ။ သူမ ဖခင်ပြန်လာပြီဖြစ်တာကြောင့်
Tiffany နဲ့တွေ့ရမယ့်အခွင့်အရေးက လုံးဝ 0% ပင် ။ Tiffany မှာလည်းအလုပ်
ရှိတာကြောင့် သူမတို့ဖုန်းနဲ့ပဲဆက်သွယ်ဖြစ်ကြသည် ။ သို့သော် မမျှော်လင့်ထားသည့်
တစ်နေ့တွင် ကံကြမ္မာဆိုးကစတင်လာသည် ။ ထိုနေ့က Taeyeon အိမ်ပြန်ရောက်
တာ နည်းနည်းနောက်ကျသည် ။ JiWoong ကအလုပ်ရှိ၍ ကျောင်းကြိုနောက်ကျလို့
ကျောင်းမှာသူ့ကိုထိုင်စောင့်ခဲ့ရတာပဲလေ ။ ဖိနပ်ချွတ်လိုက်ပြီး ဧည့်ခန်းထဲဝင်လိုက်တော့
သတင်းစာဖတ်နေတဲ့ ဖခင်ဖြစ်သူက သူမကိုမြင်တာနဲ့ လှမ်းခေါ်သည် ။" Taeyeon … ဒီမှာထိုင်ဦး … "
ဘာကိစွရှိမှန်းမသိပေမယ့် မိခင်ဖြစ်သူမျက်နှာကပါ ပျော်နေဟန်ရှိပြီး ဖခင်မျက်နှာကို
အကဲခတ်ပြန်တော့လည်း စိတ်ကြည်နေဟန်ရှိ၍ သက်ပြင်းအသာချပြီး ဝင်ထိုင်
လိုက်သည် ။" သမီး … ။ Hee Chul Oppa ကိုသိတယ်မလား … ? "
Taeyeon အပြောတွေချိုသာနေတဲ့ ဖခင်ဖြစ်သူကို အံ့သြမဆုံးဖြစ်နေတာအမှန် ။
ဒါပေမယ့် Hee Chul ကိုသိလား … ? မေးနေ၍ ခေါင်းငြိမ့်ပြလိုက်သည် ။
မသိစရာလား … ? အချစ်ဆုံး ရန်သူတော် Im YoonA ရဲ့တစ်ဦးတည်းသော
အစ်ကိုလေ ။ ငယ်စဉ်တုန်းက သူမတို့နဲ့ဆော့ဖော်ဆော့ဖက်တွေဖြစ်ပေမယ့်
သူအရွယ်ရောက်လာတော့ Taeyeon တို့အိမ်ကို သိပ်မလာဖြစ်တော့ပေ ။
ကလေးအရွယ်က Hee Chul နဲ့လည်ပင်းဖက်ပေါင်းခဲ့ကြပေမယ့် ကြီးလာတော့
နည်းနည်းစိမ်းသွားခြင်း ဖြစ်သည် ။ သူတို့မောင်နှမက Taeyeon တို့အိမ်ကို
အမြဲလာလည်လေ့ရှိသည် ။ မိဘချင်းခင်နေတော့ YoonA ကပါ အမြဲပါလာတတ်
သည် ။ သူတို့လာပြီဆို Taeyeon မှာ ပြေးပုန်းချင်စိတ်တွေ တဖွားဖွား ။
ညီမဖြစ်သူမှာ အမြဲမိမိကို ချောက်တွန်းပြီး ဒီတိုင်းနေရင်တောင် မကြည်ပေါက်နဲ့
ကြည့်နေတဲ့လူမျိုးဖြစ်သည် ။ ကလေးသဘာဝ မနာလိုစိတ်က အထက်တန်းကျောင်းသူ
အရွယ်ထိ မပျောက်သေးဘူးလေ ။ အစ်ကိုဖြစ်သူ Hee Chul ကတော့ တစ်မျိုး ။
Taeyeon ကိုမြင်တာနဲ့ စနောက်ချင်စိတ်ကအပြည့် ။ တစ်ခါတစ်ရံ ငိုရသည်ထိ
အစအနောက်သန်သည့်လူမျိုး ။ Taeyeon အတွေးယဉ်ကြောထဲ မျောနေတုန်းမှာပဲ
ဖခင်ပြောလိုက်သည့်စကားက မျက်လုံးအစုံကို သာမန်ထက်ပြူးကျယ်သွားစေသည် ။
