အပိုင်း ၉

2.4K 180 34
                                    

အဲ့လိုနဲ့ ကစားကွင်းကိုရောက်တော့ သူတို့နှစ်ယောက်လုံး ကစားနည်းပေါင်းစုံကစား
ပြီး အပျော်ကြီးပျော်နေကြသည် ။ ဆိုင်လေးတစ်ဆိုင်မှာ ရေခဲမုန့်ဝင်စားနေကြရင်း
Taeyeon ဘေးကပျော်နေဟန်ရှိသည့် Tiffany ကိုငေးကြည့်နေမိသည် ။
Make Up ပြင်ဆင်ထားခြင်းမရှိသည့် မျက်နှာလေးကအရင်ကထက်ပင် ပိုလှနေပြီး
အပြစ်ကင်းစင်လွန်းနေသည် ။ မသိလျှင် ထိပ်တန်းသူဌေးတစ်ယောက်လို့ ထင်စရာပင်
မရှိပေ ။ သူမဖြတ်သန်းတွေ့ကြုံနေရသည့် အထက်တန်းလွှာလောကမှာ တစ်ယောက်
နဲ့တစ်ယောက် ဟန်ဆောင်မျက်နှာဖုံးတွေနှင့်သာ ဆက်ဆံနေကြသည်ပဲ ။ Tiffany
ကိုလည်း ထိုကဲ့သို့လူမျိုးဟု သူမထင်ခဲ့သည် ။ သို့သော် သူမအမြင်မှားခဲ့တာပဲလေ။
Oppa ပြောပြတဲ့ Tiffany Hwang ဆိုတာ ဟုတ်မှဟုတ်ပါ့မလားလို့သံသယ
တောင်ဝင်လာမိသည် ။ ရက်စက်ပြီး အကြင်နာမဲ့သည့်အပြင် နှလုံးသားမရှိသည့်လူလို့
Taeyeon သိထားတာပဲ ။ သူမအစ်ကိုရဲ့ရည်းစားဒုက္ခရောက်ပြီး အကူအညီမဲ့နေတာ
ကို မြင်တာတောင် တစ်စက်မှလှည့်မကြည့်သွားတဲ့ သွေးအေးတဲ့လူလေ ။

ထိုစဉ်ပါးပြင်မှာ အေးခနဲခံစားလိုက်ရတာကြောင့် Taeyeon လန့်ပြီး အတွေးယာဉ်ထဲ
မျောနေရာမှ ပြန်ရောက်လာသည် ။ သူမမျက်စိရှေ့မှာ Tiffany ကသူမကိုပြုံးပြုံးကြီး
ကြည့်နေသည် ။ ပါးပြင်ကိုလက်နဲ့စမ်းမိတော့ ပါးပြင်မှာ cream တွေပေနေသည် ။

" Ya ... ဘာလုပ်တာလဲ ... ? "

Taeyeon ပါးပြင်ကိုသုတ်ရင်း Tiffany ကိုကြည့်ကာ အော်တော့ Tiffany က
ပြုံးမြဲပြုံးနေသည် ။ Taeyeon လက်ထဲကအရည်ပျော်စပြုနေတဲ့ Ice cream ကို
Tiffany မေးငေါ့ပြလိုက်သည် ။

" မင်းငါ့ကိုအဲ့လောက်ကြည့်နေတာ ... Ice cream တွေအရည်ပျော်ကုန်ပြီ"

အဲ့စကားလည်းကြားရော Taeyeon ရှက်ပြီး မျက်နှာကြီးပူထူလာသည် ။ သူငေး
နေတာ ဘယ်လောက်တောင်ကြာသွားပြီလဲ ကိုယ်တိုင်တောင်သတိမထားမိလိုက် ။
ချက်ချင်းပဲအရည်ပျော်နေတဲ့ ရေခဲမုန့်ကို သွားလွှင့်ပစ်လိုက်ကာ Tiffany ကိုမကြည့်ပဲ
စကားပြောသည် ။Tiffany ကတော့ သူ့ရှေ့က ရှက်နေတဲ့ကောင်မလေးကို
ကြည်နူးစွာကြည့်နေမိသည် ။

StarOù les histoires vivent. Découvrez maintenant