~~~~~~~~~~~~~~~~~
အိမ်ပြင်တံခါးကို ဖွင့်လိုက်သည်နှင့် လေအေးအေးက
ကြိုဆိုတိုက်ခတ်လိုက်တာကြောင့် Tiffany ကျောထဲ
စိမ့်ကနဲ့ဖြစ်သွားသည် ။ ခြံဝန်းထဲရောက်တော့ နှင်းဖတ်
လေးတွေကို မြင်လိုက်ရတာကြောင့် Tiffany နှုတ်ခမ်း
အစုံညွတ်ကွေးလာသည် ။ အမှတ်မထင်ပဲ အနက်ရောင်
coat လေးရဲ့ပုခုံးတဖက်ပေါ် ကျလာသည့် နှင်းဖတ်
လေးကို စောင်းငဲ့ကြည့်လိုက်ကာ ထိုအရာလေးကို
အသာအယာဖယ်ရင်း Tiffany စကားအချို့ တီးတိုး
ရေရွတ်မိသည် ။" Happy Sweet December ... Taengoo "
လူသွားလမ်းတစ်လျှောက် လျှောက်လှမ်းလာရင်း
ထင်မထားသည့် အအေးဒဏ်ရဲ့နှိပ်စက်မှုကြောင့်
လက်အစုံကို အနွေးဓာတ်ရစေရန် coat ထဲထည့်
ထားသည့် Tiffany ကိုယ် သိသိသာသာကျုံ့နေသည် ။
ဘေးမှာကားလမ်းရှိတာကြောင့် တဝှီးဝှီးနဲ့ဖြတ်သန်း
နေသည့် ကားတို့ကြောင့် ဖြတ်တိုက်လာသည့် လေက
Tiffany နှုတ်ခမ်းတို့ပင် ပြာနှမ်းလာပြီး ဆတ်ဆတ်တုန်
အောင် အကျိုးပြုနေပြီလေ ။ အခုလိုချိန်တွင် အိမ်သို့
ပြန်ပြီး အနွေးထည်ထပ်ဝတ်ရမည့်အစား လတ်ပတ်
နာရီလေးကို ကြည့်ပြီး အရှေ့က ကော်ဖီဆိုင်သို့
အမောတကောပြေးသွားသည့် Tiffany မှာ အေးစက်
နေသည့်လေထုကြောင့် ခဲမတတ်ပင်ဖြစ်နေသည် ။ကော်ဖီဆိုင်တံခါးကို အကြမ်းတွန်းဖွင့်ဝင်လိုက်တော့
တံခါးတစ်ဖက်ကကလူရှိနေတာကို Tiffany သတိမထားမိလိုက်ပေ ။" ဝုန်း ... "
" အ ... ကျွတ် ... ကျွတ် ..."
နောက်သို့လှန်ကျသွားပြီး ညည်းညူနေသည့် သူ၏
မျက်နှာကို Tiffany လှည့်ပင်မကြည့်မိပဲ တစ်စုံ
တစ်ယောက်ကို လူနည်းသေးသည့် ဆိုင်ငယ်အတွင်း
အသည်းအသန်ရှာဖွေနေသည် ။ရှာလို့မတွေ့သည့်အဆုံး Counter ဆီသို့ Tiffany
မမောနိုင်မပန်းနိုင်ထပ်ပြေးသွားပြီး Waiter လေးကို
အမြန်ပင်မေးသည် ။" ဒီကိုလေ... ဒီအချိန်ဆိုအမြဲလာတဲ့အရပ်ပုပုနဲ့
အသားဖွေးဖွေးကောင်မလေးလာသေးလားဟင် "ဤသို့မေးရာတွင် Waiter လေးရဲ့တန်ပြန်စကားက
Tiffany ရဲ့မျက်လုံးတို့ကို အဆမတန်ပြုးကျယ်
သွားစေသည် ။