ကြားလိုက်ရတဲ့အသံကြောင့် Taeyeon အဖေလုပ်နေတာတွေကို ရပ်လိုက်ပြီး အသံလာရာကို ကြည့်လိုက်သည် ။ အခန်းတံခါးအဝင်မှာ မတ်တတ်ရပ်နေတဲ့အမဲရောင်ကုတ်
နဲ့ လူ ။ အရပ်ရှည်သည့်အပြင်ယောကျာ်းဆန်စွာ ချောမောပေမယ့် အလိုမကျ
ဟန် တွန့်ကွေးထားတဲ့ သူ့မျက်ခုံးတွေ ။ ကြမ်းပြင်ပေါ်က Taeyeon ကို ဆွဲထူလိုက်ပြီး သူ့ကိုစိုက်ကြည့်နေတဲ့မျက်ဝန်းတွေကို ရင်ဆိုင်သည် ။" အဖေတို့ကို သားရှင်းပြမယ် ... "
တဆတ်ဆတ်တုန်ကာ ငိုနေတဲ့ Taeyeon ကသူ့အစ်ကို JiWoong ကိုအားကိုး
တကြီးဖက်တွယ်လိုက်သည် ။ Jiwoong လည်းစိတ်မသက်သာစွာပဲ
ညီမဖြစ်သူကို နှစ်သိမ့်ပေးနေမိသည် ။ သူသာနည်းနည်းနောက်ကျသွားရင် ဒေါသကြီးတဲ့ဖခင်ဖြစ်သူကြောင့်Taeyeon သေသွားနိုင်သည် ။ သူ့ရဲ့အတ္တဆန်မှု
ကြောင့် ဖြူစင်တဲ့သူ့ညီမလေး ဒုက္ခခံနေရပြီလေ ။အဖြစ်အပျက်အစုံကိုရှင်းပြပြီးတော့ Taeyeon အမေကJiWoong လက်ကိုဖက်
တွယ်ထိုင်နေတဲ့Taeyeonကို သူမရင်ခွင်ထဲသွင်းကာ ချော့မြူနေသည် ။Taeyeon
အဖေကတော့ တောက်ခ် ခေါက်လိုက်ပြီး JiWoongကို ဆူသည် ။" JiWoong ... မင်းကွာ ... ကိုယ့်ညီမကို အဲ့လိုလုပ်ခိုင်းစရာလား ... ? အခုတော့
မင်းညီမကိုဟိုက လွှတ်ပေးမှာ မဟုတ်တော့ဘူးကွ ... "JiWoong စိတ်မသက်သာစွာ သက်ပြင်းချမိသည် ။မည်သို့ပင်ဖြစ်စေကာမူ Tiffany လက်ထဲကိုတော့တစ်ဦးတည်းသောညီမဖြစ်သူကို အပါမခံနိုင် ။သေဆုံးသွားတဲ့ရည်းစာ
းဖြစ်သူကို မမေ့နိုင်၍သာကြံမိကြံရာ လုပ်မိခြင်းလည်းဖြစ်သည် ။ သေသူကို
တမ်းတနေသည်ထက် သူ့မျက်စိရှေ့က ငိုကြွေးနေတဲ့ညီမဖြစ်သူကိုသာ ကာကွယ်ဖို့
အရေးကြီးသည် ။Tiffany ဆိုသည်မှာ သူမြင်ဖူးသမျှထဲမှာ သွေးအအေး
ဆုံးလူလည်းဖြစ်တာကြောင့် JiWoong ဆုံးဖြတ်ချက်ချတော့သည် ။ သူ Tiffany ရဲ့ Company ကနေအလုပ်ထွက်လိုက်ပြီး ဖခင် Company မှာအလုပ်ဝင်သည် ။ Taeyeon ကိုလည်း ကျောင်းအသွားအပြန်သူပဲအကြိုအပို့လုပ်ပြီး Tiffany နဲ့
မတွေ့ဖြစ်အောင် ကြိုးစားသည် ။သို့သော် တစ်ဖက်ကTiffany မှာလည်း JiWoong ရဲ့အလုပ်ထွက်စာကိုပေါ့ပေါ့ပဲသဘောထားမိသည် ။ သူမအတွက်တော့ရန်သူတစ်ယောက်လျော့သွားသလို
ပင် ။ Taeyeon နဲ့မောင်နှမဆိုတာ သူမမသိပဲ ။ စည်းကမ်းကြီးပြီးရှေးရိုးဆန်သည့် Taeyeon အဖေက သူမတို့စည်းကျော်ထားသည်ဟုပြောလိုက်တာကြောင့်
လက်ထပ်ပေးမည်ဟူသည့်စကားထွက်လာခြင်းပင် ။သို့သော် မိန်းကလေးချင်းဖြစ်
သည့်အပြင် အသိုင်းအဝိုင်းနာမည်ပျက်မည့်ကိစွကို သူလွယ်လွယ်သဘောတူ
မယ်မဟုတ်မှန်း Tiffany စဉ်းစားမိသည် ။ အမှန်တိုင်းဆို လက်ထပ်ပေးမယ်သာပြောတာ ဒီကိစွက သေးသေးသောသောမဟုတ်ပေ ။ သူမကို ခါထုတ်ချင်၍သာ
ဒီစကားကို သုံးခြင်းဖြစ်သည် ။ ဒါကြောင့် Taeyeonကိုသူမရယူလိုရင် ဒီထက်ကြီးတဲ့အကြံထုတ်မှရမည်။သက်သေအထောက်ထားခိုင်လုံပြီး အဓိပ္ပာယ်ရှိမယ့်
ဟာမျိုးပေါ့ ။ သူမက ယောကျာ်းမဟုတ်၍ ကလေးရအောင်လုပ်ပြီး ကလေးနဲ့
ခြိမ်းခြောက်ရအောင်လည်းမတတ်နိုင်၍ Tiffany ဒီကိစွတွင် ကွိုင်တက်နေသည်။
Taeyeon ကိုသူမအနားတစ်သက်လုံးခေါ်ထားဖို့ကTaeyeon ကိုယ်တိုင်သူမကို
လက်ခံပြီး နှစ်ဦးသဘောတူ ထွက်ပြေးမှသာ ရနိုင်မည် ။ ထို့ကြောင့် Tiffany
စတင်လှုပ်ရှားဖို့ကြံစည်သည် ။ ချက်ချင်းပဲ အတွင်းရေးမှူးမလေးကိုခေါ်ကာ အလုပ်တွေ Meeting တွေကိုဖျက်ပြီး Taeyeon ရဲ့ကျောင်းကို သူမသွားတော့သည် ။