အပိုင်း ၆

1.8K 159 19
                                    

အတန်းထဲစဝင်တော့ ကျောင်းမတက်သေးတာမို့
ဆူညံနေတဲ့အခန်းက သူဝင်လာတော့ ငြိမ်သွားသည် ။
Taeyeon မျက်နှာကတော့ ပုံမှန်အတိုင်း အေးတိ
အေးစက်ပင် ။ သို့ရာတွင် ကျောင်းသူတစ်ယောက်၏
တစ်စုံတစ်ရာကို မြင်သွားဟန်ဖြင့် ဘေးကသူငယ်ချင်း
ကိုတီးတိုးပြောလိုက်သည်မှ တစ်တန်းလုံး ပွစိပွစိ
ဖြစ်သွားသည် ။ Taeyeon မျက်မှောင်ကုပ်သည် ။
Taeyeon သူ့ကိုကြည့်ပြီးပြောနေကြတာမှန်း သေချာတော့ သူ့မျက်နှာမှာဘာပေနေလဲဟု ကိုယ့်မျက်နှာကိုယ် ပွတ်ကြည့်မိတော့ ဘာမှမရှိ ။ အတန်ကြာ Taeyeon စဉ်းစားနေပြီးမှ မသင်္ကာတာကြောင့် ချက်ချင်း Phone ကိုထုတ်ကာ သူမကိုယ်သူမကြည့်မိတော့
ပါးစပ်လေးအဟောင်းသားပင်ဖြစ်သွားရသည် ။

" Oh …My… God ! "

ဖုန်း Screen ထဲထင်းထင်းကြီးပေါ်နေသည့်
နီတွတ်နေသည့် သွားကိုက်ရာကြီးက မှင်သက်
နေသည့် Taeyeon ကို လှောင်ရယ်နေသယောင် ။
Taeyeon ဖုန်းကိုချလိုက်တော့ သူမမြင်ကွင်းတွင်
သူ့ကိုအထူးအဆန်း သတ္တဝါသဖွယ် ကြည့်နေကြတဲ့
ကျောင်းသားကျောင်းသူအစုကြီးကို တွေ့လိုက်သည် ။
သွားပြီ … ။ သူ့သိက္ခာတော့ ရေစုန်မျောပြီ ။
သူတို့တွေက Taeyeon ကြည့်လိုက်တာနဲ့ တိတ်
ဆိတ်သွားပြီး Taeyeon ကိုပဲ ငေးစိုက်ကြည့်နေ
ကြသည် ။ နောက်တော့ အတန်းထဲက ကျောင်းသား
တစ်ယောက် ထအော်လိုက်တဲ့ စကားကြောင့်
တစ်တန်းလုံး ဝူးဝူးဝါးဝါးနဲ့ဆူညံသွားပြီး အရင်ကအရှက်ရှိန်ပင်မပြေသေးသည့်
Taeyeon မျက်နှာခရမ်းချဉ်သီးတစ်လုံးပမာ
ရဲတက်လာသည် ။

" Hey … ငါတို့ ရေခဲတုံးကြီး ရည်းစားရပြီကွ … ! "

ထိုစဉ် ဘေးကကြည့်နေတဲ့Yoona ကို
Taeyeon တွေ့သည် ။သူမလန့်သွားပေမဲ့
ဘာမှပြန်မလုပ်နိုင်ခဲ့။  ရှက်ရွံ့စိတ် ကြောက်ရွံ့
စိတ်တွေက သူမတစ်ကိုယ်လုံးကို ဝါးမျိုထားတဲ့
အတိုင်းပင် ။ Taeyeon ဆုတောင်းတစ်ခုတည်း
ကိုသာ မိနစ်အနည်းငယ်အတွင်း အကြိမ်တစ်ရာမက
ဆုတောင်းလိုက်မိသည် ။

" ဘုရားသခင် … ! အခုချိန်မှာ ကျွန်တော်မျိုးမကို
အမှုန်ဖြစ်သွားခွင့်ပြုပါ … "

Yoona ဆူညံနေတဲ့အခန်းထဲတွင်ကျောက်ရုပ်လို
ငြိမ်သက်နေတဲ့ Taeyeon နားကို တလှမ်းချင်း
ကပ်လာသည်။ဒါပြီး Taeyeon ကြားရုံလောက်
လေသံဖြင့်Taeyeon တုန်လှုပ်စေမယ့်
စကားကိုကပ်ပြောသည် ။

StarKde žijí příběhy. Začni objevovat