သန့်စင်ခန်းထဲမှာ Taeyeon ငိုင်နေမိသည် ။ အမှန်
တိုင်းဆို သူမအစ်ကိုရဲ့ အကြံအစည်ကို သူမလုံးဝ
မကြိုက်ပေ ။ ဒီအလုပ်ကအန္တရာယ် များလွန်းသည် ။
မတော်လို့ ထိုလူဂွစာ Tiffany Hwang ကသူမကို
အချုပ်ထဲထည့်လိုက်ပါက သူမဘဝရေစုန်မျောရချေ
မည် ။ အမှန်က Tiffany Hwang သည် သူမတို့
သူငယ်ချင်းတွေကြား ရေပန်းစားသော Cele တစ်
ယောက်ဖြစ်သည် ။ အမြဲခက်ထန်နေတဲ့ မျက်နှာထား
ရှိတယ်ဟု တစွန်းတစ ကြားဖူးသူ Kim Tae Yeon
ခမျာ ကြောက်စိတ်တို့ကြီးစိုးလာသည် ။ ထိုစဉ်
လက်ကိုင်ဖုန်းလေးကထမြည်လာတာကြောင့်
ဖုန်းလေးကို နားမှာကပ်ရင်း Taeyeon " Hello "
ဟု အားမရှိစွာ ဖြေကြားမိသည် ။" Ya … Kim Tae Yeon … နင်အဆင်သင့်
ပြင်ထားတော့ … ငါတို့အစီအစဉ်ရှိတယ် … "Taeyeon ဖုန်းချလိုက်ပြီးတော့ သက်ပြင်းအရှည်ကြီး
ချလိုက်သည် ။ အစ်ကိုက ဒီနေ့ သူတို့ Project တခု
အောင်မြင်တဲ့အနေနဲ့ Club မှာသွားပျော်ကြမှာကို
သူတို့သူဌေးကိုပါ မရရအောင်ခေါ်လာမည်ဟု
ပြောသည် ။ အဲ့အချိန်မှာ Taeyeon က သူမကို
ဆွဲဆောင်ရမည်တဲ့လေ ။သက်ပြင်းကိုနောက်တစ်ခါမှုတ်ထုတ်ရင်း ဝဲကျနေတဲ့
ဆံနွယ်တို့ကိုသပ်တင်ကာ မှန်ထဲက သူမပုံကို
ကြည့်ရင်း Taeyeon စကားပြောမိသည် ။" မတတ်နိုင်တော့ဘူး … Taeyeon ရေ … ဖြစ်သမျှ
အကြောင်းအကောင်းသာမှတ်တော့ … "~~~~~~~~~~~~~~~~~~~~~~
Tiffany သူမမျက်စိရှေ့က တီးလုံးသံနဲ့အညီကခုန်
နေသော ကောင်မလေးကို မျက်တောင်ပင်မခတ်ပဲ
စိုက်ကြည့်နေမိသည် ။ ယောက်ျားဝတ်ရှပ်အကျီ
လေးတစ်ထည်ကိုသာဝတ်ဆင်ထားပြီး အပေါ်က
Coat အမဲလေးထပ်ထားသောသူမ … ။ ဖြူဖွေးတဲ့
ပေါင်တံရှည်တွေဖုံးအောင် ရှပ်အကျီလေးက စွမ်း
ဆောင်နိုင်စွမ်းမရှိပဲ တစ်ဝက်လောက်သာ ဖုံးအုပ်
နိုင်သည် ။ သူမခါးလေးတစ်ချက်စောင်းလိုက်တိုင်း
ပေါင်ရင်းလောက်ကဘောင်းဘီတိုလေးကို မြင်နိုင်
နေသည် ။ ဒူးအထက်လောက်ထိရှည်တဲ့ ဘွတ်ဖိနပ်
အရှည်သည်သူမ၏ဖြူဖွေးလှသည့် အသားအရေဖြင့်
လိုက်ဖက်ညီစွာ လှပလွန်းနေသည် ။ သီချင်းသံနဲ့အညီ
ကနေတဲ့ကောင်မလေးကSexyဆန်စွာသူမကို
ဆွဲဆောင်အားပြင်းလွန်းနေသည်ကြောင့် သူမအသက်ရှူဖို့ပင်ခဏမေ့လျော့မိသည်ထင်သည် ။