တဖြောက်ဖြောက် ကျနေတဲ့ နှင်းစက်တွေနဲ့အတူ ကျနော့်ရဲ့ နှလုံးသား တို့သည်လည်း တဆစ်ဆစ် နာကျင်လျက် .....လက်ထဲမှာ ကိုင်ထားတဲ့ အမေ့ရဲ့ဓတ်ပုံကို ကျနော် တင်းတင်း ပွေ့ထားမိတယ် အနက်ရောင်
ဝတ်စုံကို စတိုလ် ကျကျ ဝတ်ထားတဲ့ ဖခင်ဖြစ်သူ ...အဟက်!! မနေ့ညက ပြန်ရောက်တာတဲ့လေ သူလား ကျနော့်အမေအတွက်
မျက်ရည်ကျ ပေးမယ့်သူတော့မဟုတ် .....သူ့အတွက် ကျနော့်အမေ ကို
အပေါစား မိန်းမသာသာပဲ သတ်မှတ်ခဲ့ မှာပေါ့"ဟဲ့ အဲ့ဒါသူဌေးရဲ့. တိတ်တိတ်ပုန်း မွေးထားတဲ့ သားဆို ....ချောသားပဲ.. "
"အေးလေ ...ငယ်ငယ်လေး ကတည်းကနိုင်ငံခြားကို ထွက်သွား တာတဲ့ မနေ့က ပြန်ရောက်လာတာလေ ..ကောင်လေးက သနားစရာ လေးပါဟယ် ..သူ့ခမျာ ပြန်ရောက်တဲ့နေ့မှ အမေဖြစ်သူရဲ့ နာရေးနဲ့ ကြုံရတယ်လို့
နာရေး လာပို့တဲ့ လူတစ်ချို့ရဲ့ ဝေဖန်သံတွေ ကျတော် မကြားချင်ပေမယ့်လည်း ကြားနေရတယ် ....သူတို့ပြောတာလည်း မှန်နေတာပဲ လေ ကျတော်က အဖေ့ရဲ့ တရားမဝင်မွေးထားတဲ့ သားတစ်ယောက်
.....ကျတော့်ကို omma က ချမ်းချမ်းသာသာနဲ့ ကြီးပြင်စေချင်ခဲ့တာ ...တုံးအလွန်းတဲ့ အမေက. အဖေ့ရဲ့. စကားတွေကို နားယောင်ခဲ့တယ် ..ကျတော်အသက်၁၃နှစ်အရွယ်ကို ရောက်မှ အဖေ့မှာပထမ မိန်းမရှိတယ်ဆိုတာ သိခဲ့တာ ....သူစီစဉ်ပေးတဲ့ တိုက်ခန်းလေးမှာ သားမိနှစ်ယောက်နေခဲ့တယ် အဝေးကနေ သုံးစွဲ ဖို့ ပိုက်ဆံ ကို ပို့ပေးခဲ့ပေမယ့် အမေ့ဆီကို တစ်ခါမှ မလာခဲ့ဘူး.....၁လနေမှအိမ်ကို ဝတ်ကျေတန်းကျေ ခဏလာတယ်ပြီးရင် company ကိစ္စရှိတယ် လို့ပြောပြီးပြန်သွားတာကပိုများပါတယ် .......ငယ်သေးတဲ့ ကျတော်က အမေ့ရဲ့ စိတ်ထဲမှာ ရနေတဲ့ ဒဏ်ရာတွေကို မသိခဲ့ဘူး ....ကျတော်သတိပြုမိတဲ့အချိန်မှာ အမေက ကျနော်နဲ့ ပင်လယ်တစ်ခုခြားမှာ ရောက်နေခဲ့ပြီ ....
YOU ARE READING
ONE More Night (chanbaek) Complete Zaegyi&unicode
Fanfiction" အချစ်ဆိုတဲ့ အရာကို ကိုယ်ကတော့ ....ပေးဆပ်ချင်းလို့ပဲ ထင်တယ်......ကိုယ်သိပ်ချစ်တဲ့ ...ကလေးကို အမြဲတမ်း.. ..ပြုံးနေစေချင်တာ...." ....."ဟက်...ခင်ဗျားကြီး ရဲ့မျက်လုံးထဲက သွေးမျက်ရည် ကျတဲ့အထိ ကျနော်..လက်စားချေ ပြ မယ်...