.....ကိုယ်သိခဲ့တဲ့ အချစ်ဆိုတာ
ပင်ယံထက်ပေါ်ကနေ ကြွေကျလုဆဲဆဲ
ရော်ရွက်ဝါ လေးတစ်ခုလိုပေါ့....ပင်မြင့်ထက်မှာ
မရှင်သန်ရတော့ပေမယ့်...ကြွေရွက်ဝါအဖြစ်နဲ့ မြေပြင်ကိုနောက်ဆုံးချိန်အထိ
အလှဆင်ပေးနေတဲ့ ဘဝမျိုးပေါ့....Baek hyuneeအုံ့ မှိုင်းနေသော ကောင်ကင်က တစ်စုံတစ်ခု ကို အလိုမကျသည့်နှယ် .....ဟိုတစ်စဒီတစ်စ စုဝေးနေတဲ့
မီးခိုရောင် တိမ်စိုင်တွေနဲ့အတူ လေနုအေးတွေ က ပတ်ဝန်ကျင်ကို ရစ်သိုင်း၍နေပြန်တယ် ....
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ ငှက်တစ်ချို့၏တေးသီသံက လွဲပြီး ဘာအသံမျှ မကြားရသည့်အတိုင်းပင်
Chan yeolတစ်ယောက် ပြတင်းပေါက်ကနေ မြင်နေရတဲ့ ကောင်းကင်ကျယ်ကျယ်ကို ခပ်တွေတွေလေး စိုက်ကြည့်ရင်း
အက်ကွဲစွာ ပြုံးလိုက်မိ၏.. ..
သူသိနေတယ်..ဒီနေ့ဟာ အရာအားလုံးရဲ့အဆုံးသတ်ဖြစ်တော့မယ်ဆိုတာကိုပေါ့...
အငြိုးအတေးတွေကြောင့် အပြစ်မဲ့တဲ့ ချစ်ခြင်းက သူတို့နှစ်ယောက် ကြားထဲမှာ ကျိန်စာတစ်ခုလို ဖြစ်နေခဲ့တာကို...
ချစ်ရသူရဲ့ မုန်းတီး မူ့ကို လက်ခံရမယ့်အစား..သေဘေးကိုပဲ
ပြေးတွေ့လိုက်တာက သူ့အတွက် ခံသာပေဦးမည်။အစပျိုးမကောင်းခဲ့တဲ့ ချစ်ခြင်းတစ်ခုကို ဆုံစည်းစေဖို့များ ကံတရားက မျက်နှာသာ ပေးလေဦးမလား...?
သူ့ရဲ့ ဘဝကို ဘုရားရှင်က သာ အစကတည်းက မေတ္တာထားပေးခဲ့ရင် အခုလို ဖြစ်လာမှာမဟုတ်ဘူး...
ဒီအချိန်မှာ သူဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ပါဘူး..
အရာအားလုံးက ဖြစ်သင့်လို့ဖြစ်လာရတာပဲ မဟုတ်ပေလား."Chan yeol shi~~~~ကျနော်အပြင်သွားမလို့..လိုက်ဦးမလား? .."
အတွေးကမ္ဘာထဲမှာ နစ်မြောနေတုန်း အနောက်ကနေ ခေါ်လာတဲ့ အသံပိုင်ရှင်ကြောင့် yeolမျက်နှာချင်းဆိုင်လိုက်သည်။
![](https://img.wattpad.com/cover/132947268-288-k750738.jpg)
YOU ARE READING
ONE More Night (chanbaek) Complete Zaegyi&unicode
Hayran Kurgu" အချစ်ဆိုတဲ့ အရာကို ကိုယ်ကတော့ ....ပေးဆပ်ချင်းလို့ပဲ ထင်တယ်......ကိုယ်သိပ်ချစ်တဲ့ ...ကလေးကို အမြဲတမ်း.. ..ပြုံးနေစေချင်တာ...." ....."ဟက်...ခင်ဗျားကြီး ရဲ့မျက်လုံးထဲက သွေးမျက်ရည် ကျတဲ့အထိ ကျနော်..လက်စားချေ ပြ မယ်...