အမဲရောင်တိမ်စိုင်လွှာတို့ ဖုံးလွှမ်းနေသော ကောင်ကင်ပြင်ကြီးက...မြေပြင်ပေါ်ကို ပြိုကျတော့မည့်ဟန်...
တစ်ချက်တစ်ချက် တိမ်မည်းတွေကြားထဲကနေ ပြိုးပြိုးပျက်ပျက် ထွက်လာတဲ့ လျှပ်ရောင်တွေက ပတ်ဝန်းကျင်ကို ရံဖန်ရံခါ အလင်းပေးနေသလိုပင်...
ဆောင်းတွင်းကြီးမှာ ရုတ်တရက် ရွာချလာတဲ့ မိုးစက်တွေက
ပတ်ဝန်းကျင်ကို အကျည်းတန် စေခဲ့ပြန်သည်။ထို့အတူပဲ ပြတင်းပေါက် ကနေ ကောင်ကင်ကြီးရှိရာကို..ခပ်တွေတွေလေး စိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက် ရဲ့
ရင်ထဲမှာလည်း....နောင်တမိုးတို့က သည်းစွာရွာနေတော့
တယ်။Yukinoတစ်ယောက် လက်ထဲမှာ ရှိနေတဲ့ ဖုန်းကို ခပ်တင်းတင်းသာ ဆုပ်ကိုင်ထားမိတယ်..
ဒီနေ့က သူ black palace စံအိမ်ကို ရောက်တာ ၃လ မြောက်သောနေ့...
ဘာလိုလိုနဲ့ အချိန်တွေက ကုန်တာအရမ်းမြန်လွန်းတယ်လို့
သူတွေးလိုက်မိတယ်....Baekhyunရဲ့ စကားအတိုင်း yeolဆိုတဲ့ ကောင်လေးကို သတ်ဖို့ကြိုးစားခဲ့ပေမယ့်....သူ့ရဲ့ နှလုံးသားက
ခွင့်မပြုခဲ့....ကောင်လေးရဲ့ ဖြူစင်သော အပြုံးလေးတွေက သူ့ကို နှောင်ကြိုးတစ်ခုလို ရစ်ပတ်စွာ ချည်နှောင်ထားပြန်တော့.. .
မိုက်မဲလွန်းတဲ့သူ့ရဲ့  နှလုံးသားလေးက..ခေါင်းမာစွာနဲ့ပဲ
တင်းခံထားပြန်တော့....နောက်ဆုံးတော့ သူလုပ်ရမယ့်အရာက တစ်ခုတည်းရယ်ပါ..
Contactမှာ ပေါ်နေတဲ့ ကျင့်သားရနေသော ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်တော့...မနှီးမနှောင်းမှာ ပဲ ဝင်သွားတဲ့ အသံလှိုင်းတစ်ခု
တုန်ယင်နေ တဲ့ လက်ကို အသာထိန်းလိုက်ပြီး yukino တစ်ဖက်က ဖုန်းကိုဖြေဖို့ ပြင်လိုက်မိ၏..

YOU ARE READING
ONE More Night (chanbaek) Complete Zaegyi&unicode
Fanfiction" အချစ်ဆိုတဲ့ အရာကို ကိုယ်ကတော့ ....ပေးဆပ်ချင်းလို့ပဲ ထင်တယ်......ကိုယ်သိပ်ချစ်တဲ့ ...ကလေးကို အမြဲတမ်း.. ..ပြုံးနေစေချင်တာ...." ....."ဟက်...ခင်ဗျားကြီး ရဲ့မျက်လုံးထဲက သွေးမျက်ရည် ကျတဲ့အထိ ကျနော်..လက်စားချေ ပြ မယ်...