One more night(19)

2.2K 152 6
                                    

သံ​ယောဇဉ်​ ဆိုတဲ့ ကျရှုံးခြင်းရဲ့ နမိတ်​ပုံရိပ်​ပဲ...

အမျိုးမျိုး​သော ​နှောင်​ကြိုး ​တွေက လူကို ရစ်​ပတ်​လာတဲ့ အခါမှာ.....အလိုလို အားအင်​မဲ့သွားတတ်​ကြတာ ထုံးစံပါပဲ

Park dae jinတစ်​​ယောက်​ မျက်​စိ​ရှေ့ မှာ သတိကင်းမဲ့စွာအိပ်​​နေတဲ့ ​ကောင်​​လေးကို တစ်​ချက်​ကြည့်​လိုက်​ပြီး

ပြတင်း​ပေါက်​ ရှိရာကို အကြည့်​အလွဲထားလိုက်​​တော့သည်

သူသည်​ အပြစ်​မရှိ​သော က​လေးတစ်​​ယောက်​ရဲ့ ဘဝကို ဖျက်​ဆီးပစ်​ခဲ့မိပြီ...

သူရဲ့ သားထက်​ပင်​ငယ်​​သော ​ကောင်​​လေးက အခုသူ့​ကြောင့်
ဘဝပျက်​ခဲ့ရပြီ....မ​ကောင်းတဲ့အရာမှန်​သမျှကို သူလုပ်​တာမှန်​​ပေမယ့်​...သူကတာဝန်​မယူတတ်​​သော လူတစ်​​ယောက်​မဟုတ်​...

"​ကောင်​​လေး သတိပြန်​မရ​သေးဘူးလား..."

"ဟုတ်​ကဲ့....ဆရာဝန်​​ပြောတာ​တော့...shockဖြစ်​သွားတာပါတဲ့....သိပ်​မကြာခင်​မှာ သတိပြန်​ရမယ်​လို့​တော့ ​ပြောသွားပါတယ်​...."

အနားမှာ ​စောင့်​​နေတဲ့ တပည့်​တစ်​​ယောက်​ကို မေးလိုက်​​တော့..ကပျာကယာ ပြန်​​ဖြေလာတဲ့ သူ....

"​ကောင်းပြီ..မင်းသွားလို့ရပြီ.. ငါမ​ခေါ်မချင်း..အခန်း နားကို မလာနဲ့...."

"ဟုတ်​..ဟုတ်​ကဲ့ ပါ ​ခေါင်း​ဆောင်​.. .."

အဲ​နောက်​မှာ​တော့ အခန်းထဲက​နေ ထွက်​သွား တဲ့ တပည့်​ဖြစ်​သူ.........

Tae jin တစ်​ယောက်​ ကုတင်​​ပေါ်မှာ လဲ​လျောင်း​နေ​သော ​ကောင်​​လေးရဲ့ ​ဘေးနားမှာ ဝင်​ထိုင်​လိုက်​ပြီး ဖြူ​လျော့​နေတဲ့ မျက်​နှာ​လေးကို ခပ်​ဖွဖွ​လေး ထိ​တွေ့လိုက်​သည်​...

သူ့ကြည့်​​နေတုန်းမှာပဲ...မျက်​ခုံး​လေး​တွေ တွန့်​ချိုးပြီး သတိရလာတဲ့​ကောင်​​လေး....

သွေး​ရောင်​ပင်​ မလွှမ်း​တော့တဲ့ မျက်​နှာ​လေးက အားအင်​မဲ့စွာ.. ..

အက်​ကွဲ​နေတဲ့ နှုတ်​ခမ်းရဲရဲ​လေး​တွေက နာမည်​တစ်​ခုကို ထပ်​ခါထပ်​ခါ ​ခေါ်​နေ​တော့တယ်​...

ONE More Night (chanbaek) Complete Zaegyi&unicodeWhere stories live. Discover now