အက်ကွဲနေတဲ့ နှလုံးသားတစ်စုံ
မျှော်လင့်ချက်မဲ့နေတဲ့ မျက်ဝန်းတွေနဲ့
ကြေကွဲခြင်းကမ်းပါရဲ့ အစွန်းတစ်ဖက်မှာ
ကိုယ်ရပ်စောင့်နေတယ် ငယ်...❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
Baekhyunမျက်စိရှေ့ က ထိုသူကို နာနာကျည်းကျည်း စိုက်ကြည့်လိုက်ရင်း မျက်နှာလွှဲလိုက်မိ၏....
"ခင်ဗျား...သူ့ကို ကြိုက်သလို လုပ်လိုက်ပါ....ဒါပေမယ့် သေတော့မသေစေနဲ့ဦး..!...အဟက်...အဲဒီ့လူကို ကျနော်
လက်နဲ့ သတ်ပစ်မှာ.. ..""ကောင်းပြီလေ.. .ကဲ.ဒါဆို စကြတာပေါ့....."
ကျောခိုင်းကာ ရပ်နေတဲ့ ခလေးငယ်လေးရဲ့ ကျောပြင်ကို
ကျနော် ပြုံးပြီး ကြည့်နေမိတယ်...ထိုလူသားလေး က သူ့ရဲ့ အသက်ဆက်ကြိုး...ဘယ်လောက်ပင်မုန်းစေဦး...သူ့ဘဝတစ်ခုလုံးနဲ့ရင်းပြီး..ကာကွယ်ထားခဲ့ရတဲ့ ဆူးပန်းလေး....
ငယ်သိလား..ကိုယ့်အတွက် မင်းပေးမယ့် နာကျင်မူ့ဆိုတာ
ဘုရားသခင်ကကိုယ့်ကို ပေးသနားတဲ့ အကောင်းဆုံး သော
လက်ဆောင်တစ်ခုပေါ့...ကိုယ့်မိဘတွေရဲ့ ရန်ကြွေးကို ကိုယ် ကိုယ်တိုင်ဆပ်မှာမို့လို့
ဒီဘဝနဲ့တင်ပဲ အမုန်းတွေကြေပါစေတော့ ခလေးရယ်...
နောက်ဘဝဆိုတာ များရှိခဲ့ရင် ကိုယ်တို့နှစ်ယောက်စလုံး အမုန်းတရား ကင်းကင်းနဲ့ ပြန်တွေ့ကြရအောင်....
Park min johnကျေနပ်ပြုံးတစ်ခု ကို ပြုံးလိုက်ပြီး..
သံလက်ကွင်းတစ်ခုကို ဘယ်ဘက်လက်မှာ စွပ်ချလိုက်တော့တယ်....သြော်~~သိပ်သနားစရာ ကောင်းတဲ့ ငါ့ရဲ့ အဖေလေးပါလား..
အဟက်!ပြည့်တန်ဆာကောင်...မင်းလိုကောင်ကများ ငါနဲ့ ငါ့အဖေကို သွေးကွဲအောင် လုပ်ခဲ့တယ်...
ဒီနေ့ ငါတစ်သက်လုံး မင်းအပေါ်မှာ မြိုသိပ်လာခဲ့ရတဲ့ မကျေနပ်ချက်တွေကို ဖွင့်ထုတ်ပြီသာမှတ်...park chan yeol....
YOU ARE READING
ONE More Night (chanbaek) Complete Zaegyi&unicode
Fanfiction" အချစ်ဆိုတဲ့ အရာကို ကိုယ်ကတော့ ....ပေးဆပ်ချင်းလို့ပဲ ထင်တယ်......ကိုယ်သိပ်ချစ်တဲ့ ...ကလေးကို အမြဲတမ်း.. ..ပြုံးနေစေချင်တာ...." ....."ဟက်...ခင်ဗျားကြီး ရဲ့မျက်လုံးထဲက သွေးမျက်ရည် ကျတဲ့အထိ ကျနော်..လက်စားချေ ပြ မယ်...