နားထဲမှာကြားနေ ရတဲ့ စကားပြောသံတစ်ချို့
ကျနော် သေ သွားတာလား အဟက်!! မဖြစ်
နိုင်တာ သူအဲလောက်ညှာတာစိတ်သာထားခဲ့ရင် omma ဆုံးမှာ မဟုတ်ဘူး.
အသက်၃၅ နှစ်ဆိုတာ အရမ်းကို ငယ်သေးတယ် ..သူမ အသက်ရှည်ရှည်နဲ့ အကြာကြီးနေရမှာကို ......အခုတော့ကျနော် အခုဘယ်ရောက်နေတာလဲ .ဒါနဲ့ 
ညာဖက်လက်ဖျံရိုး ထဲကို တစ်ခုခု ထည့်ထားသလိုပဲ အောင့်သက်သက်နဲ့ ခံစားချက်မျက်လုံး တွေကို အားယူပြီး ဖွင့်ဖို့ကြိုးစားပေမယ့် အရာမထင် ..အရမ်းကိုပင်ပန်းလွန်းတယ်....ဟူး ...သေချာတာကတော့ အခုလို နာကျင်မှု့ ကို ခံစားနေရတယ်ဆိုတော့ အသက်
ရှင်နေသေးတယ်ဆိုတဲ့ သဘော ..သေဖို့က
ဘာလို့အဲလောက်ခက်ခဲနေရတာလဲ...ရုတ်တရက် မျက်လုံးကို ဖွင့်ကာထိုးကြည့်လာသော မီးရောင် ကြောင့် ကျနော့် မျက်နှာကို တစ်ခြားဘက်ဆီ လှည့်လိုက်သည်...
"လူနာ သတိရနေပြီလား.. ဆရာပြောတာကို ကြားရင် ခေါင်းညိတ်ပြပါ...."
ထိုလူရဲ့ စကားကြောင့် ကျနော် ခေါင်းကိုညိတ်ပြလိုက်သည် မဟုတ်ရင် မျက်လုံးကို ထပ်ပြီးဆွဲဖွင့်ကြမလားမသိ....ဒါနဲ့များဆရာဝန်တဲ့
....အဖြစ်မရှိတဲ့လူတွေ....ဒါနဲ့အခု ဆေးရုံ .. ကျနော်ရောက်နေတာ ဆေးရုံ လား????
အသိစိတ်ရဲ့ နှိုးဆော်မှု့ကြောင့် ကျနော် ကုတင်လက်ကိုင်ကို အားယူပြီး ထ ထိုင်လိုက်သည်
" အ့!! ...နာလိုက်တာ!
ကြားလိုက်တဲ့ အသံပိုင်ရှင်ကြောင့် အခန်းထဲမှာ ရှိတဲ့ လူတွေ အားလုံး လှုပ်ရှားမှု့ ရပ်တန့်သွားတော့သည်.. .အမဲရောင် suit အပြည့်နဲ့ လူတွေ သူတို့ကို ကျနော်တစ်ခါမှ မမြင်ဖူးဘူး.. နောက်ပြီး .ဘာလို့သူတို့က ကျနော့်အခန်းထဲကို ရောက်နေကြတာလဲ.....Appa ရဲ့ လူတွေလား
မဖြစ်နိုင်တာ.. ကျနော်သေသွားလည်းဂရုစိုက်မယ့်သူမျိုးမှ မဟုတ်တာ.. ..အဟက် သောက်သုံးမကျတဲ့ အတွေးတွေကို တွေနေတဲ့ အကောင်ပဲ မင်းက.....နောက်ဆုံးတော့ အသုံးမကျတဲ့ ကိုယ့်ကို ကိုယ်ပဲ လှောင်ရယ် လိုက်မိတယ် ဘာတွေကိုများနောက်ထပ်မျှော်လင့်နေတာလဲ kim baek hyun .....
Arnyi မှားလို့ ကျနော်က kimမှ မဟုတ်တော့
တာ အခုကစပြီး byun baek hyun ပဲ ကျနော့်
နာမည်က....

YOU ARE READING
ONE More Night (chanbaek) Complete Zaegyi&unicode
Fanfiction" အချစ်ဆိုတဲ့ အရာကို ကိုယ်ကတော့ ....ပေးဆပ်ချင်းလို့ပဲ ထင်တယ်......ကိုယ်သိပ်ချစ်တဲ့ ...ကလေးကို အမြဲတမ်း.. ..ပြုံးနေစေချင်တာ...." ....."ဟက်...ခင်ဗျားကြီး ရဲ့မျက်လုံးထဲက သွေးမျက်ရည် ကျတဲ့အထိ ကျနော်..လက်စားချေ ပြ မယ်...