ဇွန်းသံ ပန်းကန် သံတွေနဲ့ အသက်ဝင်နေသော black palaceရဲ့ မနက်စာ ထမင်းစားပွဲဝိုင်းလေး...
Layတစ်ယောက် ညီဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး
ထမင်းကို ဟန်မပျက်ပြန်စားနေလိုက်တယ်...ဟိုကောင်လေး ခမျာ..တော်တော်အနွံတာ ခံရှာပါတယ်..yeolကို ခွံကျွေးနေရလို့..
ထမင်းတောင် ကောင်းကောင်းမစားရ....
Sehunကတော့ ဘာစကားတစ်ခွန်းမှမပြောပဲ မျက်စိရှေ့က ထိုသူကိုသာ အကဲခတ်ကြည့်နေမိသည်။
သူ့စိတ်နဲ့သူ ဆိုရင် ဒီလိုလူမျိုးကို အိမ်မှာ တစ်စက္ကန့်ပြည့်အောင်တောင် မထားချင်....အဆိုးဆုံးက ဟို လူနဲ့ တစ်ပုံစံတည်း တူနေတဲ့ သူ့ရဲ့ ရုပ်ကြောင့်ပဲ....
အခုလို ထမင်းစားပွဲဝိုင်းတစ်ခုတည်းမှာ အတူတူထိုင်နေရတာကိုပဲ တော်တော် လွန်နေပြီ....
စားနေတဲ့ ထမင်းတောင် အစာမကြေ ဖြစ်နေပြီ..
"Hyung.. ..ကျနော် ထနှင့်ပြီ...."
ထမင်းပန်းကန်မှာ တဝက်တောင် မကုန်သေးပဲ ထထွက်ဖို့ပြင်နေတဲ့ ညီဖြစ်သူကြောင့် lay လှမ်းမေးလိုက်မိတယ်
"Hun..အရသာမတွေ့လို့လား...ဘာမှလည်းမစားပါလား..
Hyungကို ပြောလေ.. ..""နေပါစေတော့ hyung...ကျနော် မဆာသေးလို့ပါ...ဒါဆို..ခွင့်ပြုပါဦး.. .."
ကောင်လေးကို မကြည်သလို တစ်ချက်ကြည့်ကာ ထမင်းစားခန်းထဲကနေ ထွက်သွားတဲ့ ညီအငယ်ဆုံးလေး..
Lay တစ်ယောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး..
.....ညီဖြစ်သူရဲ့ ကျောပြင်ကို သာ ခပ်တွေတွေလေး ကြည့်နေမိ၏သူ့ကိုလည်း အပြစ်ပြော၍မရ....သူအချစ်ရဆုံး အကို ကို..ဘဝပျက်မတက် လုပ်ခဲ့တဲ့ baekhyunကို သိပ်နာကျည်းနေရှာတာ....
Sehunက black palace အိမ်တော်မှာ chan yeolကို အချစ်ဆုံး....
သူ့ရဲ့ အကိုဆိုပေမယ့် sehunအတွက်တော့ ဖခင်တစ်ဦးနဲ့ပင် မခြားတာမို့....

YOU ARE READING
ONE More Night (chanbaek) Complete Zaegyi&unicode
أدب الهواة" အချစ်ဆိုတဲ့ အရာကို ကိုယ်ကတော့ ....ပေးဆပ်ချင်းလို့ပဲ ထင်တယ်......ကိုယ်သိပ်ချစ်တဲ့ ...ကလေးကို အမြဲတမ်း.. ..ပြုံးနေစေချင်တာ...." ....."ဟက်...ခင်ဗျားကြီး ရဲ့မျက်လုံးထဲက သွေးမျက်ရည် ကျတဲ့အထိ ကျနော်..လက်စားချေ ပြ မယ်...