Yukinoတစ်ယောက် မျက်စိရှေ့မှာ မြင်နေရတဲ့ အရာမှန်သမျှကို အံ့သြတကြီး နဲ့ ကြည့်နေမိ၏
အားပါးပါး.. ..ဒီလူတွေက တော်တော်ချမ်းသာ တာပဲ လို့တောင် သူ တွေးလိုက်မိ၏...
အိမ်ဆိုတာထက် ကြယ်ငါးပွင့်ဟိုတယ်ကြီးထဲကို ရောက်နေသလားလို့တောင် ထင်ရသည်
ကြမ်းပြင်တွေကအစ ပြောင်လက်နေပြီး မှန်တောင်ကြည့်လို့ရတယ်...
နေရာတိုင်းလိုလိုမှာ ရနေတဲ့ အမွှေးနံ့သာပေါင်း အနံ့လေးကလည်း yukinoရဲ့ အကြိုက်နဲ့ ထပ်တူ .
အိမ်တစ်လုံးစာ ရှိတဲ့ ဧည့်ခန်းရဲ့ အပေါ်မှာတော့ ..လှလှပပ ချိတ်ဆွဲထားတဲ့ မီးဆိုင်းကြီးက တခမ်းတနား.. .
သူတွေ့ဖူးတဲ့ ဟိုတယ်တွေမှာသာ အလှဆင်ထားတတ်တဲ့ မီးဆိုင်းမျိုး....
ဒါမှမဟုတ် ဒီလူတွေက သမ္မတ ရဲ့ သားများလား...?
အတွေးနဲ့တင် သူတို့ကို အလိုလို ရှိန်လာမိတယ်..
"ကဲ ညီလေး...ထိုင်ဦးနော် ...အကို အပေါ်မှာ အခန်းတစ်ခု
ပြင်ပေးမယ်.. ...ဒဏ်ရာတွေ သက်သာမှ ပြန်ပေါ့...Arjima!...ဒီကို strawberries ဖျော်ရည်တစ်ခွက်ပို့ပေးပါ....."
စားပွဲခုံ မှာရှိနေတဲ့ လူခေါ်စက်ကနေ
အနောက်မှာ ရှိနေတဲ့ အိမ်အကူအဒေါ်ကြီးကို လှမ်းပြောလိုက်တဲ့ ထိုသူ...Yukino မှာတော့ strawberry ဆိုသော အသံကြားတာနဲ့ တကိုယ်လုံးကို ယားယံလာတော့တယ်..
သူ စတော်ဘယ်ရီသီး နဲ့မတည့်ပါ...စားလိုက်တိုင်း
allegeဖြစ်လို့.....အထူးသဖြင့် အန်ချင်တာ.....
တစ်ယောက်တည်း တွေးလို့ကောင်းနေတုန်း အရှေ့ မှာ ချလာတဲ့ စတော်ဘယ်ရီအအေး....
"Baekသောက်လေ....စတော်ဘယ်ရီသီး ကြိုက်တယ်မလား....."
"ဟမ်~~~အင်း..ကြိုက်...မကြိုက်.."
အနားမှာ ကပ်ထိုင်ကာ ပြောလာတဲ့ ဟိုကောင်လေး..ကြောင့်
YOU ARE READING
ONE More Night (chanbaek) Complete Zaegyi&unicode
Fanfiction" အချစ်ဆိုတဲ့ အရာကို ကိုယ်ကတော့ ....ပေးဆပ်ချင်းလို့ပဲ ထင်တယ်......ကိုယ်သိပ်ချစ်တဲ့ ...ကလေးကို အမြဲတမ်း.. ..ပြုံးနေစေချင်တာ...." ....."ဟက်...ခင်ဗျားကြီး ရဲ့မျက်လုံးထဲက သွေးမျက်ရည် ကျတဲ့အထိ ကျနော်..လက်စားချေ ပြ မယ်...