"ကိုကို''
"ကိုကိုလို့ဆိုနေ''
မေးရိုးနားက လေပူလေးတွေနဲ့ထိမိသလိုခံစားရသလိုပင် အသဲစူးစူးလေးနဲ့ hunnieတစ်ယောက်သာနားစားသုံးခဲ့သည် ကိုကိုဟူသောအမည်နာမအားရေရွတ်နေတာကြောင့်ကျနော့်မျက်ခွံလေး အသာအယာဖွင့်ဟကြည့်လိုက်တော့.....
"Hun.....hunnie''
သူ......သူလေးကျနော့်ရင်ခွင်ထဲရောက်နေသည်လား......သူလေးအသက်ရှင်နေသေးသည်လား
"Hunnie မသေ....မသေဘူးပေါ့''
"ဟင့်.....ကိုကိုကhunnieကိုသေစေချင်တာလား''
မျက်နှာလေးညိုးငယ်သွားကာဝေ့သီလာသောပုလုံးလေးတွေလိုမျက်ရည်ဥလေးကိုမီးရောင်အောင်မြင်လိုက်ရတော့ကျနော်ပြာပြာသလဲထပြီးတောင်ပန်မိလေသည်......
"Arnyi hunnie..,,,,,hunnieကလေကို့ရင်ခွင်ထဲမှာအမြဲရှင်သန်နေခဲ့တာပါ''
"မယုံပါဘူး''
"သက်သေပြရမလား''
"ဟာ.......အသားယူချင်ရင်အသားယူတယ်ပေါ့.....ဟွန့်ဘာတဲ့သက်သေတောင်ပြမယ်ဆိုဘဲ''
"ဘယ်သူကလူကိုမြူစွမ်တိုက်နေတာလဲပြော''
"ဘယ်မှာတိုက်လို့လဲ''
"ဖြူဖြူလျလျအသားအရေလေးနဲ့အပြိုင် အဖြူရောင်ဝမ်းဆက်ကြီးဝတ်ထားပြီ ချစ်ဖို့ကောင်းပြီးနမ်းခြင်အောင်ပန်းနုရောင်နှုတ်ခမ်းပါးပါးလေးကိုတထော်ထော်လုပ်ပြီးပြောနေတာကရောဘယ်သူလဲ''
"သူရီးဘဲလူကိုစိတ်ဆိုးအောင်လုပ်ပြီး''
ပိုပြီးထော်လာသောထိုနှုတ်ခမ်းပါးလေးအား ရမက်ကင်းစွာနမ်းရှိုက်မိလေသည်....... နှုတ်ခမ်းပါးလျသောကြောင့်ဂရုတစိုက်ပင် နမ်းရှုတ်နေလေရသည်လေ မလွှတ်ပေးချင်လောက်အောင်ချိုမြိန်လှပြီး ၃နှစ်တာခွဲခွာနေရသော ထိုနှုတ်ခမ်းပါးအား မလွှတ်တမ်းပင်နမ်းနှုတ်နေမိလေသည်။