ကျနော့်အသက် ၂၀ပြည့်ပြီဦး တရက်လေးမှဦးကိုမေ့မရခဲ့ဘူး ဦးရဲ့ပိုစတာတွေ ဦးရဲ့videoတွေ ဦးရဲ့အင်တာဗျူးတွေ ကြည့်ပြီးအလွမ်းဒဏ်ကို ကြံကြံခံကာကွယ်လာခဲ့ရတာပါ။
တစ်လနေမှတစ်ခါတောင် မအပ်ပုဒိတ်တဲ့ ဦးရဲ့အိုင်ဂျီ။စောင့်နေရဲ့ကြားကလွတ်သွားသော live။ကျနော်တနေ့ထက်တနေ့ ရင်ခုံစွာစောင့်မျှော်နေခဲ့ရတာပါ။
"တောင်'' ဆိုပြီးတတ်လာသော နိုတီကြောင့် အိုက်ဂျီအပြေးကြည့်မိတော့ ရင်ကိုဓားနဲ့အစိမ်းလိုက်ခွဲခံရလိုက်သလိုပင်။
ဦးနဲ့အတူသက်ရုပ်ဆောင်ထားတဲ့ မင်းသမီးနဲ့အတူတွဲရိုက်ထားသော ဓာတ်ပုံကိုဦးက တင်ထားသည်တဲ့လား။
အလိုလိုမှ သတင်းထွက်နေသော ချစ်ရသူနဲ့မြင်ပြင်ကတ်လှစွာသောအဒေါ်ကြီးရဲ့သတင်းကြောင့် စိုးရိမ်စိတ်နဲ့ ကိုရီးယားကိုအပြေးသွားချင်နေသောစိတ်တို့ကို ထိန်းချုပ်ထားရသည်မှာမလွယ်လှပေ။
ဒီတစ်ခါတော့ ဘယ်နည်းနဲ့တားနေပါစေ ကျနော်ကိုရီးယားကို အရောက်ပင်သွားမည်။
ဦး.........ကျနော်ဦးဆီအရောက်လာခဲ့မယ်။ဦးအဲ့နေရာကနေရပ်ပြီးသာစောင့်နေပါ ကျနော်ဦးဆီအရောက်လာမှာမို့လို့...........
.......................
"Appa......သားဟန်းဂုကိုသွားချင်တယ်''
"ဘာကိစ္စရှိလို့လဲသားရယ် ဒီမှာအဆင်ပြေနေတာကို sooကလဲသားညီလေးလွယ်ထားရတာလေ''
"မောင် သားကိုသွားခိုင်းလိုက်ပါ sooလဲသားငယ်ကို အမိမြေမှာဘဲမွေးချင်လို့ပါ''
"ဟူး.......sooတကယ် သားငယ်ကိုဟန်းဂုမှာဘဲမွေးချင်တာလား''
"အင်း ommaတို့ကလဲ အသက်ကြိးနေပြီလေ appaဆုံးတုံးထဲက ommaအဖော်မဲ့နေရှာတာ sooတို့ပြောင်းနေသင့်ပြီ ပြီးခဲ့တဲ့ကိစ္စတွေလဲပြီးခဲ့ပြီလေ''
"ဒါဆိုလဲ ကိုယ်စီစဉ်ပေးပါ့မယ် ကိုယ့်ကိုအချိန်ခဏပေးလို့ရမလား လုပ်ငန်းအပြောင်းအရွှေ့တွေလုပ်ရအုံးမယ်လေ''
"ဒါဆို သားနဲ့ommaကအရင်သွားနှင့်မယ်လေ''
"သားက ဒီကအဖိုးကြီးကို အထီးကျန်ခဲ့ခိုင်းမယ်ပေါ့''
