Part 1

14.3K 653 10
                                    

*Zaw Gyi*

Seoul မြို့
့ရဲ့အေးချမ်းလှတဲ့နံနက်ခင်းတစ်ခု...
သူမ အတွက်တော့ စိတ်ထဲမှာ ပူလောင်နေလေရဲ့...

အပေါ်ကထပ်ဝတ်လာတဲ့ ကုတ်အင်္ကျီ အနက်ရောင်လေးကို ချွတ်ကာ
ခမ်းနားထည်ဝါလှသော ခြံကြီးထဲရှိ နှစ်ထပ်တိုက်အိမ်ကြီးဆီသို့ မျက်နှာမူမိသည်။

ထို့ နောက် မဝံ့မရဲဖြင့်သာ ခြံတံခါးဝရှိ လူခေါ်ဘဲလ်လေးကို နှစ်ချက်သုံးချက်လောက် ဆင့်၍ နှိပ်လိုက်လေသောအခါ...

ုကျွီ ........

တစ်ဖက်မှ အသက် ၅၀ ကျော်ကျော်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး....

သူမ၏ကိုယ်လေးကို 90° ငုံ့ ကာအရိုအသေပေး၍ နှုတ်ဆက်လိုက်သည်။

"Annyohaesayo...Aunty"

"အော်...သမီးရောက်ပြီလား..လာ လာ အထဲဝင်"

အိမ်ကြီးထဲအရောက် ကြမ်းပေါ်ခင်းထားသော ကော်ဇောအိအိပေါ်တွင် ထိုင်ချလိုက်သည်။

"အော်...ဘယ့်နှယ့်ကြမ်းပေါ်ထိုင်နေရတာလဲ ခုံပေါ်မှာထိုင်မှပေါ့ သမီးရယ်"

အိမ်ရှင် Aunty Park HaeSo မှာ
ချမ်းသာသလောက် အဆင့်အတန်းမခွဲခြားတတ်မှန်း Yoon ကြားဖူးပြီးသားပင်...။

"ရပါတယ် Aunty "

ဆိုဖာအကောင်းစားကြီးတွေပေါ်တက်ထိုင်ရမှာကို Yoon အားနာနေမိသည်။

"Yoon Eun Hwa သမီးနော်"

"ဟုတ်ကဲ့"

"Eun Hwa ကတော့သမီးနာမည်ပြောထားပါရဲ့
အန်တီက အရမ်းမေ့လွယ်တာ"

"Ah! ဟုတ်သားပဲ နာမည်မိတ်ဆက်ဖို့ မေ့နေတာ
သမီးနာမည် Shin Yoona ပါ အန်တီ"

"သမီးလေးက ငယ်ငယ်ကထက်တောင် ချောလာလိုက်တာကွယ်...
ရုပ်ကလေးက နုနုနယ်နယ်နဲ့ဆိုတော့ သမီးကိုခိုင်းရမှာ အန်တီအားတောင်နာတယ်"

"ရပါတယ် အန်တီ..သမီးလုပ်နေကျအလုပ်တွေပါ...သမီး လုပ်နိုင်ပါတယ်"

Don't Far Away ✅Where stories live. Discover now