Part 9

4K 429 4
                                    

*Zaw Gyi*

" မေမေ...."

သားငယ်လေးရဲ့ခေါ်သံမှာ အရင်နှင့်မတူ။
ချွဲနွဲ့၍ ခေါ်သံမျိုးမဟုတ်။
လေးနက်တည်ကြည်လို့နေသဖြင့် ကိစ္စတစ်ခုခုတော့ ထူးပြီဟု
Park HaeSo ထင်လိုက်မိသည်။

" မေမေ့ကို သားပြောစရာရှိတယ်"

သားငယ်လေး အလေးအနက်ပြောတော့မှာမှန်း သိသဖြင့် Park HaeSo အရင်လို မကျီစယ်ဖြစ်။

" ပြောလေ သား.."

သားလေးက ဖြေဖို့ ခဏအရှိန်ယူနေသေးသည်။

" သားမှာ ချစ်သူရှိနေပြီ မေမေ...."

" ဘယ်လို..."

သားလေး နှုတ်ခမ်းမှ ထိုကဲ့သို့စကားမျိုးတစ်ခါမှ မကြားဖူးခဲ့....။

" ဘယ်သူနဲ့လဲ...ဘယ်ကလဲ သား "

Park HaeSo အလောတကြီး ပြန်မေးလိုက်မိသည်။

"မေမေ....သူကဆင်းရဲပါတယ်...
ဒါပေမယ့် စိတ်ထားဖြူစင်တယ်၊ ရိုးသားတယ်..
သားအပေါ်မှာလည်း တကယ်အချစ်စစ်နဲ့ ချစ်ရှာတာပါ...သားရဲ့ဥစ္စာပစ္စည်းကို မက်မောလို့ မဟုတ်ပါဘူး...သူက မေမေနဲ့ အနီးဆုံးမှာ ရှိတဲ့သူပါ "

Park HaeSo သိလိုက်ပါပြီ။

" Shin Yoona...."

" ဟုတ်ပါတယ် မေမေ..Yoon ပါ...
အဲ့ဒါ မေမေ့သဘောထားကို သားသိချင်တယ်၊
မေမေ သဘောတူလိမ့်မယ်လို့ သားထင်ပါတယ်၊ Yoon ရဲ့စိတ်နေသဘောထားကို မေမေ သိပြီးသားပဲ..."

သားက အပိုင်ချည်၍ ပြောနေချေပြီ။
မွေးကတည်းက ကောင်းကျိုးချမ်းသာပေးခဲ့သော သားလေး...။
သားလေးကို စိတ်ချမ်းသာစေချင်သည်။
သားလေး လိုချင်တာမှန်သမျှ
နှစ်ခွန်းမပူဆာခဲ့ရ...။

" သားရယ် မေမေဘာပြောရမှန်းတောင် မသိတော့ဘူး..ပြောရမှာလည်း အတော်ခက်တယ်၊မေမေ အဆင့်အတန်းမခွဲခြား တတ်ပါဘူးကွယ်၊ Shin Yoona လေးက ဆင်းရဲပေမယ့် ရုပ်ရည်ရော စိတ်ထားလေးပါ အပြစ်ဆိုစရာ မရှိဘူး...မအေ မုဆိုးမကြီးနဲ့ နှစ်ယောက်တည်းနေတာဆိုတော့ နောက်ကြောင်းလည်းရှင်းတယ်...သူ့အမေ Yoon Eun Hwa ကလည်း သဘောကောင်းပါတယ်..
လူတစ်ဖက်သားကို သိပ်ကူညီတတ်တာ.."

Don't Far Away ✅Where stories live. Discover now