*Zaw Gyi*
ခြံကြီးထဲတွင် Yoon တစ်ယောက် ပျင်းရိခြောက်သွေ့စွာဖြင့် တစ်ယောက်တည်း ရပ်နေမိသည်။
ရုတ်တရက် Yoon ရပ်နေသော နေရာမှ မြူမှုန်ကဲ့သို့ အမှုန်များ ကျလာတော့သည်။
တဖြည်းဖြည်းနှင့် သိပ်သည်းထူထပ်လာရာ Yoon မှာ ကိုယ့်ကိုကိုယ်တောင် မမြင်ရတော့။
ပတ်ဝန်းကျင်ကိုလည်း မှန်းဆလို့ မရတော့ပေ.....။Yoon မှာ ကြောက်စိတ်ဖြင့် အေးခဲ တောင့်တင်းနေမိသည်။
Yoon ဒီမြူတိုက်ကြီးထဲက လွတ်မြောက်အောင် ဘယ်လိုရုန်းကန်တိုးထွက် ရမည်လဲ။
ဘာမှမမြင်ရသော်လည်း Yoon ကြောက်ကြောက်နှင့် မျက်လုံးကို စုံမှိတ်ထားမိသည်။
ခဏကြာလျှင် Yoon အာရုံစိတ်ထဲ
ပြူးထွက်နေသော မျက်လုံးနီနီရဲရဲကြီးများ....၊
ရှည်လျားကွေးညွတ်ကျနေသော
လျှာဖြင့်....ဦးခေါင်းလုံးဝမပါဘဲ ကိုယ်ထည်ကြီးသက်သက် လျှောက်သွားနေသော သတ္တဝါများ၊
သွေးပျက်စရာ ကောင်းလောက်သော နာနာဘာဝသရဲရုပ်အမျိုးမျိုးကို မြင်တွေ့နေရသည်။Yoon ကသာမြင်နေရသော်လည်း
သူတို့ကတော့ မမြင်သလို၊ ဒါမှမဟုတ် မြင်လျက်သားနှင့် ဂရုမစိုက်သလို သူတို့ဘာသာ လှုပ်ရှားသွားလာနေကြတာ
ဖြစ်သည်။Yoon သည် ကြောက်လွန်းသဖြင့်
အသံလည်း မထွက်ရဲ....၊
ထွက်ပြေးဖို့ရာလည်း လှုပ်ရှားမရဘဲ
ဘီလူးစီးခံရသလို ကြောင်ကြောင်ကြီးသာ မှင်သက်နေမိသည်။နဂိုတည်းက အကြောက်ကြီးတတ်သော
Yoon သည် အသက်တောင်မရှူမိတော့ဘူး ထင်သည်။တခဏအကြာတွင်
Yoon အာရုံစိတ်ထဲ ထိုနာနာဘာဝများအားလုံး ချက်ချင်း ပျောက်သွားလေသည်။Yoon မျက်စိဖွင့်ကြည့်လိုက်လျှင် အစောတုန်းက ပိန်းပိတ်နေသော မြူမှုန်များ တစ်စမျှတောင် မရှိတော့ဘဲ လင်းချင်းလျက်ရှိသည်။
Yoon အံသြတကြီးဖြစ်နေဆဲတွင်
Yoon ရှေ့သို့ အဖြူရောင်အငွေ့ပါးပါးများ ရောက်ရှိလို့လာပြန်သည်။ထို့နောက် တဖြည်းဖြည်း စုဝေးသွားလေလျှင်......
Yoon သည် မျက်လုံးလေးအဝိုင်းသားဖြင့်
မှင်သက်စိုက်ကြည့်နေမိသည်။
YOU ARE READING
Don't Far Away ✅
ParanormalMain Cast - Kim Taehyung X OC Genre - Paranormal , Romance ( မူရင်းစာရေးဆရာကြီးဒေဝတာ၏ "လူခြောက်" စာအုပ်မှ ဇာတ်အိမ်ကိုကိုးကားယူ၍ fanfiction အဖြစ် ပြန်လည်ပြုပြင်ရေးသားထားခြင်းဖြစ်ပါသည် ) { Zaw Gyi + Unicode } -Written in Burmese-