Part 19

3.7K 417 10
                                    

*Zaw Gyi*

မနက်စောစော အာရုံတက်ချိန်ဆိုပေမယ့် ကောင်းကင်ထက်မှ နေရောင်ခြည်ရဲ့ လိမ္မော်ရောင်ဖျော့တော့တော့ အလင်းလေးက ထင်ရှားစွာဖြင့် ပေါ်ထွက်နေပြီဖြစ်သည်။
အာရုံတက်ခါစအချိန်လေးမှာ Yoon တို့ ရပ်ကွက်ဈေးလေးဟာတော့ ထုံးစံအတိုင်း ဈေးရောင်းသူ ဈေးဝယ်သူ အလီလီနှင့် ဆူညံရှုပ်ထွေးလို့နေလေပြီ။ ပြည့်ကြပ်စည်ကားလှသည့် ဈေးတန်းထဲက လူအုပ်ထဲမှာ Yoon ဟာလည်း ဈေးဝယ်သူတစ်ဦးအဖြစ် အပါအဝင်ပေါ့။ အရင်ရက်တွေကဆိုရင်တော့ အန်တီတို့ မေမေတို့နှင့်အတူ ဖြစ်ပေမယ့် လူကြီးတွေဖြစ်လာသည့်အလျောက် သိပ်လမ်းမလျှောက်နိုင်ကြတော့သဖြင့် အိမ်၌ပဲနေခဲ့ခိုင်းလိုက်သည်။
ဤသို့ဖြင့်...Yoon တစ်ကိုယ်တည်း ထွက်လာရသည် ဆိုပါတော့...။

ထုံးစံအတိုင်း ဟင်းချက်ဖို့အတွက် လိုအပ်တာတွေ ဝယ်ခြမ်းပြီးသွားသည့်သကာလ အိမ်သို့ပြန်လှည့်ရလေသည်။ ရုတ်တရက် နှာခေါင်းထဲသို့ တိုးဝင်လာသော အနံ့မွှေးမွှေးလေးကြောင့် ဘေးဘီသို့ မျက်လုံးဝေ့ကြည့်မိတော့ ဈေးထဲ၌ ကားလေးဖြင့် လာရောင်းနေသော ဆန်ကိတ်ဆိုင်အသေးလေး တစ်ဆိုင်အားတွေ့လိုက်ရသည်။

ဆန်ကိတ်...။
Yoon သိပ်ချစ်ရတဲ့ သူ အရမ်းကြိုက်တဲ့ မုန့်တစ်မျိုး။
အသီးအနှံတွေ နေ့တိုင်းစားနေရလို့ ရိုးလာပြီဟု ကိုယ်တော်ချောက ပြောလာလျှင် အန်တီက သူ့အကြိုက် ဆန်ကိတ်ကို အမြဲလုပ်ကျွေးရလေသည်။
Yoon ချစ်ရတဲ့သူဟာ တကယ်ကို ကလေးလေးအတိုင်းပါပဲလား။

အချိန်တွေ ကုန်တာ တော်တော်မြန်သည်ဟု ဆိုရမည်။
မနက်ဖြန်ဆိုရင် Yoon မွေးနေ့တောင် ရောက်တော့မယ်။
သူ...Yoon အနားက ထွက်သွားတာ လေးလနီးပါးလောက် ကြာသွားခဲ့ပြီဖြစ်သည်။

သူက Yoon ဆီ သေချာပေါက်ပြန်လာခဲ့မှာမို့ သူ့ကို စောင့်နေပါတဲ့လေ...။ သူ့ကို Yoon အရမ်းလွမ်းမိပေမယ့် သူပြောသွားခဲ့သော အဲ့ဒီစကားလေးဟာ Yoon အာရုံထဲပေါ်လာတိုင်း Yoon ကို အမြဲအားတက်စေမိသည်။

မိုးကောင်းကင်ကြီးရယ်...Yoon လေ သူ့ကို အရမ်းလွမ်းလှပါပြီ။ သူ ဘယ်မှာရှိနေလဲဆိုတာ သိမှာပေါ့နော်။ ဒါ့ကြောင့်မို့ သူ့ကို Yoon ဆီ မြန်မြန်လေး ပြန်လာခိုင်းပေးပါလားဟင်...။
ပြာလဲ့နေသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း သူမ တစ်ယောက်တည်း တီးတိုးရေရွတ်မိသည်။

Don't Far Away ✅Where stories live. Discover now