*Zaw Gyi*
ကနုတ်ပန်းများဖြင့် လှပထည်ဝါလှသော ကျွန်းခုတင်ကြီးပေါ်တွင် တစ်တောင်ခန့်သာရှိသော ကလေးအရိုးစုကလေး........။
"Arr....... "
Yoon သတိလက်လွတ် အော်လိုက်မိပြီး အန်တီ့နောက် ချက်ချင်းပြေးဝင်လိုက်မိသည်။
"ဘာဖြစ်တာလဲ Shin Yoona"
အန်တီက မျက်နှာပျက်သွားကာ Yoon ထိတ်လန့်သွားသည်ကို မနှစ်မျို့သောလေသံဖြင့် မေးလေသည်။
Yoon အခြေအနေကို အနည်းငယ်သဘောပေါက်သွားပြီး
တုန်လှုပ်နေသောစိတ်ကို အတတ်နိုင်ဆုံးထိန်းလျက်......"ဟို..ဟို..Yoon လေ တစ်ခါမှမမြင်ဘူးတော့ ရုတ်...ရုတ်တရက်မို့ ....."
Yoon မှာအထစ်ထစ် အငေါ့ငေါ့ဖြင့်
ဘာဆက်ပြောရမှန်းမသိ။ အန်တီက
Yoon ဖြစ်ပျက်သွားသည်ကို နားလည်ဟန်ဖြင့်......."အဲ့ဒါ အန်တီ့ သားအငယ်လေ...
Kim Taehyung တဲ့....Yoon နဲ့အသက်က မတိမ်းမယိမ်းရှိမှာပေါ့""သူ...သူက...."
လူခြောက် လားလို့ Yoon မေးမထွက်ပါ....။လူခြောက် ဆိုတာကို Yoon ကြားဖူးရုံသာ ကြားဖူးခဲ့သည်မို့ 
ပုံပြင်ထဲက ဇာတ်ကောင်လို့သာ ထင်ခဲ့မိပါသည်။ယခုလို မျက်မြင်ကိုယ်တွေ့ ဘွားကနဲတွေ့လိုက်ရတော့ နဂိုတည်းက ကြောက်တတ်သော Yoon မှာ ထိတ်လန့်တကြား ဖြစ်သွားခဲ့ရတာပင်။
Yoon မှာ မဝံ့မရဲဖြစ်နေသလို စိတ်ဝင်စားသွားတာမို့ မရဲတရဲဖြင့်ထပ်ကြည့်လိုက်မိသည်။
ဟင်းချိုပန်းကန်လုံးလောက်ပင် မရှိသော ဦးခေါင်းမှာ ဆံပင်တမွေးမှမရှိ၊
မျက်လုံးများမှာ အိပ်နေသလို ပိတ်နေကာ ပါးစပ်ပေါက်ကလေးကတော့ ဟနေလေ၏။
နှာခေါင်းနှင့်နားရွက်တို့မှာ
အပေါက်ရာကလေးများသာတွေ့ရပေသည်။
လူခြောက်ကလေးမှာ အဝတ်အစားသေးသေးလေးများ ဝတ်ပေးထားသဖြင့် ရယ်စရာကောင်းလို့နေသည်။သို့ သော်.....
မွှေးကြိုင်၍တော့နေပေ၏။"သူက ဒီပုံစံလေးအတိုင်းပဲ မွေးလာတာလေ၊ မွေးကတည်းက အသက်ပါမလာဘူး၊ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကတော့ သမီးမြင်ရတဲ့အတိုင်းပဲ ပုပ်သိုးမနေဘူး၊ ထူးခြားတာက...."
![](https://img.wattpad.com/cover/140839682-288-k718032.jpg)
VOCÊ ESTÁ LENDO
Don't Far Away ✅
ParanormalMain Cast - Kim Taehyung X OC Genre - Paranormal , Romance ( မူရင်းစာရေးဆရာကြီးဒေဝတာ၏ "လူခြောက်" စာအုပ်မှ ဇာတ်အိမ်ကိုကိုးကားယူ၍ fanfiction အဖြစ် ပြန်လည်ပြုပြင်ရေးသားထားခြင်းဖြစ်ပါသည် ) { Zaw Gyi + Unicode } -Written in Burmese-