Part 6

4.4K 464 11
                                    

*Zaw Gyi*

Yoon သည် အိပ်မက် မက်ပြီးခဲ့သည့်နောက်ပိုင်း သူ့ကိုမေ့မရတော့ချေ။
Yoon သူ့ကို စွဲလန်းမိနေပြီလားမသိ....။

ဟုတ်တယ်...ဘဝချင်း မတူမှန်းသိသော်လည်း Yoon သူ့ကို
စွဲလန်းလို့နေမိပြီ။

အိပ်မက်ထဲမှာ သူ့ကိုမတွေ့ရသေးခင်
အရင်တွေ့ရသော နာနာဘာဝသရဲရုပ်များကိုလည်း ဇွတ်အတင်းမေ့ထားလို့ရနေမိသည်။

နေ့လယ်နေ့ခင်းကြီးတောင် ကြောက်တတ်သော Yoon သည်
အခုတော့ သူ့ကို အိပ်မက် ထပ်မက်ဖို့သာ အကြိမ်ကြိမ် ဆုတောင်းလို့နေမိသည်။

သို့သော်လည်း သူ့ကို နောက်ထပ် အိပ်မက် ထပ်မမက်သေးပေ.....။

Yoon တစ်ယောက် သူ့ကိုမတွေ့ရသည့် တစ်ပတ်လုံလုံး
လုပ်ကိုင်ရတာတွေလည်း
အလွဲလွဲ အချော်ချော်ဖြင့် စားမဝင်အိပ်မပျော်ဖြစ်နေမိသည်။

Shin Yoona....
Shin Yoona...နင်တစ်ကယ် ရူးနေပြီပဲ.....။

Yoon သည် သူ့ကို ထပ်မတွေ့ရတော့ဘူးဟု ထင်ခဲ့မိသည်...။
ထိုအတွေးနှင့်တူ ဝမ်းနည်းခဲ့မိသည်။

သို့ပေမယ့်လည်း
Yoon မထင်မှတ်ထားသော အခြေအနေမှာ သူသည် Yoon ရှေ့သို့ရောက်လာနိုင်သည်ကို သတိမထားမိခဲ့ပေ......။

~

ဒီနေ့တော့ အန်တီက သူမ၏ အသိတစ်ယောက် ဆေးရုံတက်နေရသည်ကို သွားစောင့်သည်နှင့် Yoon တစ်ယောက်တည်း အလုပ်တွေလုပ်ရင်း အိမ်စောင့်ကျန်ခဲ့သည်။

သူများ Yoon ကိုလာတွေ့မလားဆိုသော စိတ်နှင့် ပျော်နေခဲ့မိသည်။

သို့သော် သူရောက်မလာခဲ့ပေ။

Shin Yoona...နင်ဘယ်သူ့ကို မျှော်နေတာလဲဟာ....သူကလည်း ဒီအချိန်ဆို လျှောက်လည်နေတာ..ညဥ့်နက်မှ
ှပြန်ရောက်တဲ့ဟာကို..မဟုတ်တဲ့ အတွေးတွေ တွေးနေတာရပ်ပြီး အလုပ်ကိုသာ မြန်မြန်လုပ်စမ်းပါ။

ဒီနေ့က အန်တီလည်းမရှိတော့ Yoon တစ်ယောက်တည်းပင် အိမ်အလုပ်တွေကို လုပ်ခဲ့ရသည်။

ထို့ကြောင့်လည်း ယခင်ကနေ့များကဲ့သို့ စောစောမပြီးဘဲ ညဥ့်နက်မှပင် အိမ်သို့ပြန်ရောက်ခဲ့သည်။

Don't Far Away ✅Where stories live. Discover now