Part 15

3.3K 416 17
                                    

*Zaw Gyi*

" Unnie ဒီမှာဘာလုပ်နေတာလဲ..."

Yoon ရေချိုးခန်းထဲမှ ထွက်လာတဲ့အချိန် Yoon တို့အိပ်ခန်းထဲ ဝင်၍ ကုတင်နားတွင် မယောင်မလည်လုပ်နေသော JanMi Unnie အား တွေ့လိုက်ရလေသောအခါ စိတ်ထဲ ထင့်ခနဲဖြစ်သွားမိသည်။

Yoon တို့လင်မယားခန်းထဲ သူမ ဝင်စရာဘာကိစ္စမှမရှိ။
Yoon သည် မကြိုက်မှန်းသိစေသော လေသံဖြင့် ခပ်မာမာမေးလိုက်မိသည်။

" ဘာမှမဟုတ်ပါဘူး..Yoon တို့အခန်းရှင်းပေးမလို့ပါ.."

" မလိုပါဘူး...
Yoon ရှင်းပြီးသားပါ "

JanMi Unnie မျက်နှာရှိ ဟန်ဆောင်အပြုံးတို့မှာ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားလေသည်။

" Yoon ကလည်း သူစိမ်းဆန်လိုက်တာ၊ Unnie ကYoon အမျိုးသားလေးကို မမြင်ဘူးလို့ကြည့်ချင်လို့ပါ..."

JanMi Unnie က ကုတင်ခေါင်းရင်း၌တင်ထားသော Oppa ကို သေသေချာချာကြည့်၍ ပြောလာသည်။
Yoon ကြောက်လန့်နေမိပြီး ချက်ချင်းပင် Oppa ရှေ့၌ကာ၍ ပိတ်ရပ်လိုက်မိသည်။

" ကြည့်ချင်ရင် Yoon ကိုပြောပါလား၊ ဘာလို့ခွင့်မတောင်းဘဲ ဝင်ရတာလဲ..အန်တီက သဘောကောင်းပေမယ့် သူ့သားနဲ့ပတ်သက်လာရင် ရတာမဟုတ်ဘူးနော်"

" အမယ်လေးဟယ်... အဖြစ်သည်းနေလိုက်တာ..
ဒီလောက်တောင် ကြီးကျယ်နေရင်လည်း ခုပဲပြန်ထွက်ပါ့မယ်..ဒီအခန်းထဲမှာ တစ်စက်ကလေးမှ နေချင်စိတ်ကိုမရှိတော့တာ.."

Unnie က သူမ လွယ်ထားသော အိတ်ကြီးကို ခပ်တင်းတင်းဆွဲကာ ဆောင့်ဆောင့်အောင့်အောင့်ပြောလျက် ထွက်သွားလေသည်။

သူတို့နှင့် ဆက်နေရလျှင် Yoon တော့ Oppa ကို အချိန်တိုင်းစိတ်ပူနေရလို့ နှလုံးရောဂါရမည်မှာ ဧကန်ပင်...။

~

သိပ်မကြာခင်မှာပဲ သူတို့မိသားစု ပြန်ဖို့လုပ်ကြလေသည်။

JanMi Unnie ကတော့ ပြန်သည်အထိ Yoon ကိုစကားတစ်ခွန်းမှမပြောတော့၊ မျက်နှာထားလည်း တင်းလျက်ရှိသည်။
သူတို့ သုံးယောက်လုံး အိမ်၏နယ်နိမိတ်ကို ကျော်လွန်ပြီးမှ Yoon စိတ်အေးရတော့သည်။

Don't Far Away ✅Hikayelerin yaşadığı yer. Şimdi keşfedin