Part 20

3.9K 382 31
                                    

*Zaw Gyi*

" ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ..Yoon.."

နာရီလက်တံတို့က ၁၂ နာရီကို ညွှန်ပြလိုက်သည်နှင့် သူ့ဆီမှ မွေးနေ့ဆုတောင်းသံလေးကား Yoon နားထဲသို့ တို့ဝှေ့စီးဆင်းလာလေသည်။

" ကြည့်လို့ရပြီ..."

သူက Yoon ၏မျက်လုံးတို့ကို ဖုံးအုပ်စီးနှောင်ထားသော ပုဝါစကလေးအား ပြန်ဖြည်ပေးပြီး ပြောလာ၏။
Yoon မျက်လုံးရှေ့ရှိ ပိတ်စကလေးမှာ တဖြည်းဖြည်းချင်းပြေလျော့သွားပြီး မြင်လိုက်ရသည်တို့က ကြည်နူးဖွယ်အတိ။

Yoon တို့ အိမ်ဧည့်ခန်းကြီးမှာ မျက်နှာကျက်၌လည်း ပူဖောင်းလေးတွေ အလီလီနှင့်။ Happy Birthday Yoon ဟူသော စာတန်းလေးနှင့်တကွ Yoon ၏ဓာတ်ပုံလေးတွေကို နံရံအနှံ့ ကြိုးလေးတွေနှင့် သွယ်တန်းချိတ်ဆက်လို့ထားလေရဲ့။
Yoon အရှေ့က သူ့ကိုကြည့်လိုက်တော့ မွေးနေ့ကိတ်လေးကိုင်ထားလျက်...
ဘေးပတ်ပတ်လည်တွင်လည်း Yoon ချစ်ရသော ထိုလူသားများက Yoon အားပြုံးပြလျက်..

" Happy Birthday Yoon...ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ.."

မေမေ၊ အန်တီ၊ အန်ကယ်နှင့် Seokjin Oppa တို့ဆီကရော Yoon ရဲ့ချစ်ရသည့် သူ့ဆီကပါ အတိုင်ပေါက်ညီစွာဖြင့် တစ်ပြိုင်တည်း ထွက်ပေါ်လာသည့် Yoon အတွက် မွေးနေ့ဆုတောင်းစကားလေးဟာ သူတို့ အသေအချာကို တိုင်ပင်ထားခဲ့ရကြောင်း ပြောပြလို့နေလေသည်။ Yoon ရဲ့မိသားစုဝင်တွေဟာ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်ကြသလဲ...။

ချစ်ဖို့ကောင်းလှသော ထိုသူတို့က Yoon အတွက် မွေးနေ့သီချင်း ဆိုပေးနေကြပြန်လေသည်။
နှစ်လိုဖွယ်ကောင်းစွာ မွေးနေ့သီချင်းလေးဟာလည်း တစ်ညီတစ်ညာတည်း ထွက်ပေါ်လာပြန်တော့ ဒါဟာလည်း သေချာတိုင်ပင်ထားကြသည်ထင်၏။

သူတို့တွေ Yoon အတွက် တစ်နေကုန် ဒါတွေကို ပြင်ဆင်နေခဲ့ကြတာလား..။ ဘယ်လောက်တောင် ပင်ပန်းလိုက်ကြမလဲ။

Yoon သည် ဝမ်းနည်းတစ်ဝက် ဝမ်းသာတစ်ဝက်နှင့်။ သို့ပေမယ့် Yoon အတွက် ဒီလောက်ထိလုပ်ပေးခဲ့ကြသော ထိုသူတို့အား Yoon အလွန်တရာမှ ကျေးဇူးတင်မိသလို အားလည်းနာမိသည်။ မျက်ရည်လွယ်လှသည့် Yoon အတွက် ဒီအခိုက်အတန့်လေးဟာလည်း Yoon အား အလွယ်တကူပင် မျက်ရည်ကျစေလေသည်။

Don't Far Away ✅Where stories live. Discover now