Part 11

3.8K 446 16
                                    

*Zaw Gyi*

" အရှင်းကြီးပါအေ၊ ငွေမက်လို့ယူတယ်ဆိုတာ...
လူခြောက်နဲ့ပေါင်းရအောင် အရူးမှမဟုတ်တာ "

Yoon ၏ခြေလှမ်းများ တုံ့ခနဲဖြစ်သွားရသည်။
ဒီနေ့ဟာ Yoon တို့မင်္ဂလာဆောင်သည့်နေ့၊
မင်္ဂလာဆောင်သည်ဆိုသော်လည်း ခန်းမကြီးထဲမှာ ခမ်းခမ်းနားနားပြင်ဆင်၍ ဧည့်ခံကျွေးမွေးသော အကြီးအကျယ် ပွဲကြီးမျိုးမဟုတ်.....။
အန်တီ HaeSo တို့ခြံဝန်းထဲ၌သာ လူအနည်းအကျဉ်းခေါ်ပြီး ဧည့်ခံလိုက်ခြင်းပင်။

Yoon ဘက်မှ ဆွေမျိုးများပင်မပါ၊ သူ့ဆွေမျိုးအရင်းအချာလောက်သာ...။
အခု Yoon ၏မျက်စောင်းထိုးရှိ စားပွဲဝိုင်းမှာထိုင်ကာ စားသောက်နေကြသော သူ့ဆွေမျိုးများက ထိုကဲ့သို့စောင်းပြောတာ ကြားလိုက်ရတော့ Yoon အတော်ရှက်သွားရသည်။

" HaeSo တို့ကလည်း လူခြောက်က အိပ်မက်ပေးတယ်ဆိုတိုင်း လိုက်လုပ်တော့တာပဲ၊ နည်းနည်းမှ မစဉ်းစားဘူး၊ ဟိုက ရုပ်ကလေးဗန်းပြပြီး ချူဆီထည့်တော့မှာ..."

" ဟုတ်ပါ့အေ..ဆင်းရဲလည်း ရိုးရိုးသားသား လုပ်ကိုင်စားသောက်ပါလား..အခု
တော့ လူခြောက်ကိုမှ အပိုင်ကိုင်ပြီး တက်ချိုင်တာ "

" လူခြောက်ပဲ အပိုင်ကိုင်လို့ရမှာပေါ့၊
Seokjin လေးကို အနားကပ်လို့မှမရတာ "

Yoon သည် နံရံတွင် ကျောကိုမှီထားပြီး အသံမထွက်အောင် ကြိတ်ငိုနေမိသည်။
ပြောရက်လိုက်ကြတာ...။
Yoon က ငွေမက်လို့တဲ့။
Yoon နဲ့သူဟာ တကယ်ချစ်ကြတဲ့ ချစ်သူတွေဆိုတာ သူတို့လက်ခံယုံကြည်အောင် ဘယ်လိုများ သက်သေပြရပါ့မလဲ...။

အခုချိန်မှာ Yoon အချစ်ကို အသက်နဲ့ သက်သေပြပါဆိုရင်တောင် Yoon အသေခံဝံ့ပါသည်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလိုတွေကြုံတွေ့ရမယ်ဆိုတာ Yoon ကြိုတွေးထားပြီးသားပါ...။
သူ့အတွက် အရာရာကိုရင်ဆိုင်ဖို့ Yoon ဆုံးဖြတ်ပြီးသားပါ။
ဒါပေမယ့် အခုလိုလက်တွေ့ကြားလိုက်ရတော့ Yoon ရင်ဘတ်ထဲက တဆစ်ဆစ်နာကျင်မိတာတော့ အမှန်ပင်....။

Don't Far Away ✅Where stories live. Discover now