Part 17

3.4K 393 26
                                    

*Zaw Gyi*

" ကဲ..ကောင်လေးရေ..နင့်ကို ငါ နေရာထိုင်ခင်း ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာ ပြုစုကျွေးမွေးထားတယ်နော်..ငါ့ကိုလည်း တစ်လှည့် ပြန်ကြည့်ဦးမှပေါ့..ငါ့လက်ထဲ ငွေပြတ်နေပြီဟဲ့...ပေါက်လောက်မယ့် နံပါတ်လေး ဘာလေး ပြစမ်းပါဦး..."

JanMi ၏အမေ၊ YuNa ဆိုသော မိန်းမကြီးမှ တတွတ်တွတ်ဖြင့် လာပြောနေပြန်သည်။
ပြောတော့ဖြင့် ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာတဲ့....၊ ကျွေးတော့ဖြင့် လူစားသည့် အစားအသောက်ရယ်လို့တောင် ခေါ်စရာမရှိ...။

နားကြားပြင်းကပ်ကပ်နှင့် ထိုမိန်းမကြီး သူ့ဘေးနားမှ အမြန်ထွက်သွားဖို့အရေး ကိန်းဂဏန်း နှစ်လုံးရေးထားသော စာရွက်စသေးသေးလေး တစ်ရွက်ကို သူမရှေ့ပစ်ချလိုက်သည်။

ဟုတ် မဟုတ်တော့မသိ၊
သူ့မှာ အစွမ်းလည်း မရှိတော့သဖြင့် ထိုမိန်းမကြီးပြောသည့် ပေါက်လောက်မည့် ချဲနံပါတ်တွေကို သူ မခန့်မှန်းနိုင်။
ထိုသို့သော အကုသိုလ်အလုပ်မျိုးကိုလည်း သူ မကူညီပေးနိုင်။ အရေးကြီးတာ ထိုမိန်းမကြီး သူ့ရှေ့မှ မြန်မြန်ထွက်သွားရန် ဖြစ်သည်။

ထို့ကြောင့် မြန်မြန်နားအေးသွားရန် ခေါင်းထဲပေါ်လာသည့် နံပါတ်တွေကို ပြလိုက်သည်။

သူမရှေ့သို့ ကျလာသော စာရွက်ကလေးကို တွေ့တော့ ချက်ချင်းပင် မျက်လုံးတွေအယောင်လက်သွားကာ စာရွက်စကို ကောက်ကိုင်လိုက်သည်။

စာရွက်လေးပေါ်မှာ တည်ရှိနေသည်က နံပါတ် ငါး နှင့် ခြောက် ဆိုသော ဂဏန်းနှစ်လုံး...။

" ဟုတ်ပြီ...ဟုတ်ပြီ ကောင်လေးရေ..ဒီနေ့တော့ အချီကြီးကိုထိုးလိုက်ဦးမယ်...ပေါက်လို့ကတော့ နင့်ကို ငါ့သမီးနဲ့ပေးစားမယ် ဟုတ်ပြီလား..."

YuNa မှာ စာရွက်ပေါ်က ဂဏန်းတွေကိုတွေ့တော့ သူ့ကို ပေါက်ပန်းလေးဆယ်တွေ ပြန်ပြောပြီး ပိုက်ဆံအိတ်ဆွဲကာ ပြေးလေတော့သည်။

တစ်ယောက်ကတော့ လက်ကျိုးထား၍ ငြိမ်ချက်သားကောင်းနေလေရဲ့...။
ဒီ တစ်ယောက်လည်း ဘာဖြစ်လာဦးမလဲမသိ။
တစ်ယောက်မှ လောင်းကစားနှင့် မကင်းသော ထိုမိသားစုကို ကြည့်၍ သူ သက်ပြင်းဖွဖွချမိလေသည်။

Don't Far Away ✅Where stories live. Discover now