လမင်းကြီးကမှောင်မည်းနေတဲ့ညတစ်ခွင်ကို
အလင်းရောင်မှိန်ပြ ပြ ပေးနိုင်လောက်အောင်ထိသာ
နေတယ်…ကြယ်လေးတွေကလမင်းကြီးရဲ့ဘေးမှာ အသီးသီးလင်းလက်တောက်ပလျက်ရှိတယ် …
လမင်းကြီးက ညကို အဖော်ပြုပေးပြီး ကြယ်လေး
တွေက လမင်းကြီးကို အဖော်ပြုပေးတယ်ကိုယ့်ဘဝကမှောင်မည်းအေးစက်တိတ်ဆိတ်ပြီး အဖော်မရှိ
တစ်ယောက်ထဲလိုချင်နေတဲ့ နွေးထွေးမှုတွေ ပျောက်ဆုံးနေတဲ့ အခန်းငယ်လေးထဲမှာ ကိုယ်တစ်ယောက်ထဲအထီးကျန်မှုတွေနဲ့အတူငိုကြွေးနေရတယ် ~ ထိုအထီးကျန်မှုတွေကို အဖော်လုပ်ပြီးနေရတာကို ပျော်ရွှင်မှုရှိပါတယ် ဆိုပြီး အတင်းလုပ်ယူနေတဲ့ ကိုယ့်ကိုကိုယ်
မုန်းတီးရမလား ဒါမှမဟုတ် အထီးကျန်မှုတွေဘဲပေးတဲ့ ရင်နဲ့ ရင်းပြီး ချစ်ရတဲ့ ရှင့်ကိုဘဲ အပြစ်တင်ရမလားချစ်သူ? နာကျင်မှုတွေနဲ့ ဒဏ်ရာတွေကို မမြင်နိုင်တာလား မမြင်ချင်ယောင်ဆောင်ထားတာလားချစ်သူ?တခါတလေ တော့ မေးလိုက်ချင်ပါတယ်
ဘာကြောင့်များမချစ်နိုင်တော့တာလဲလို့ပေါ့ …
အသက်နဲ့ရင်း၍ ချစ်သည် ထို့ကြောင့် နာကျင်မှုတွေကို ဆက်လက်အံတုပြီးချစ်နေဦးမည် …~Butterfly~Like a butterfly~
ခေါင်းရင်း က အလိုက်မသိစွာမြည်လာတဲ့ နှိုးစက်
လေးကိုပိတ်ပြီး ခဏလောက် ဆက်အိပ်မိသည်
သို့သော် သူမနက်စာလာစားမည်မဟုတ်ပါလား သူ့အတွက် မနက်စာပြင်ပေးရမည် ဆက်အိပ်နေလို့မဖြစ် ~ အိပ်ယာမှထကာ ရေချိုးခန်းထဲ ဝင်ရေမိုးချိုးပြီး
အောက်ထပ်သို့ဆင်းလာလိုက်သည်~ သူ့အတွက်
မနက်စာပြင်ရန် ဆံပင်ကို အပေါ်သို့ပင့်တင်ပြီးစီး
လိုက်သည် ဆံပင်လေးစီးမိတော့သူ့ကိုသတိရမိသား အရင်က ကိုယ်မနက်စာပြင်ပြီဆိုရင် နောက်ကနေအိပ်ချင်မူးတူးနဲ့သိုင်းဖက်ပြီး ဆံပင်စီးထားတာလေးကို ဖြည်ချပြီး "မင်းဆံပင်လေးတွေက ချထားရင်ပိုလှတယ် " လို့ ပြောခဲ့ဖူးတာ …အခုတော့သူအရင်လိုမဟုတ်
တော့ပါ …hk တွေးမိတော့ မျက်ရည်က ဝဲခနဲ …
မဖြစ်သေးပါဘူး သူ့အတွက် အချိန်မှီ မနက်စာပြင်ပေးရမယ်မလား …*Ting Tong Ting Tong *
~သူတောင်ရောက်လာပြီဘဲ ~
လွမ်းသည် သူမလာတာကြာတော့ပို၍လွမ်းသည် အလွမ်းတွေ ကို ဖြေဖျောက်ဖို့ ကဘာဆေးမှမတတ်နိုင်
သူ့မျက်နှာလေးတွေ့ရမှ ထို အလွမ်းရောဂါက ပြေ
မည်မဟုတ်ပါလား ~ သူလာပြီဆိုတဲ့အသိနဲ့ ဝမ်းသာအားရတံခါးသွားဖွင့်ပေးမိသည် ~
YOU ARE READING
Just One Day (Completed)
Fanfictionမောင်ဘာကြောင့်ရုတ်တရပ်ကြီး အေးစက်ပြီးရက်စက်တတ်သွားတာလဲ ကျွန်မနားမလည်... မောင် ကျွန်မကို မချစ်တော့ သည်ဖြစ်စေ ... မုန်းသွားသည်ဖြစ်စေ ... ကျွန်မကတော့ မောင့်ကို အသက်ထက်ချစ်သည် ...