Final

7.4K 477 147
                                    

‌ဖြူလျလျကုတင်နှင့် ခေါင်းအုံးပေါ်တွင် အိပ်စက်ရ
သည်က ပင်ပန်းလို့လာပြီဖြစ်သည်။ နေ့ရက်တိုင်း
ဆေးထိုးဆေးသောက်ရတာတွေကိုလဲ မုန်းလို့လာပြီ။
ဖြူဖတ်ဖြူလျောဖြစ်လာသည့် နှုတ်ခမ်းပါးတို့ကိုလဲ
မုန်းသည်။ အရာရာကို ခြုံငုံသုံးသပ်ပြီးတွေးကြည့်
မယ်ဆိုလျှင် မိမိနှင့် ပတ်သက်သမျှ အရာအားလုံး
သည် မုန်းဖို့ကောင်းနေသလိုပင်။

လေပူတစ်ချက်ကိုခပ်ကြာကြာ မှုတ်ထုတ်လိုက်သည့်အခါ လူနာစောင့်ထိုင်ခုံတွင် TV ထိုင်ကြည့်နေသော
မောင်က သူ့ကိုလှမ်းကြည့်သည်။ ကိုင်ထားသည့် Remote ကိုချကာသူ့အနားသို့တိုးလာသောမောင့်ကို သူမကအပြုံးခပ်ယဲ့ ယဲ့လေးဖြင့်ကြိုဆိုသည်။

"ကလေး ဘာဖြစ်လို့သက်ပြင်းတွေချနေတာလဲ "

သူမ၏ အားမရှိသော လက်တို့ဖြင့် မောင့်ဆံပင်လေး
တွေကိုတစ်ချက်သပ်တင်ကာ…

"ဒီလိုဘဲ စဉ်းစားစရာတွေများလို့ "

"aigoo wuri ကလေးလေးကအတွေးတွေ အရမ်းများတာဘဲ "

သူမ၏ဖြူဖက်ဖြူရော ဖြစ်နေသည့် နှုတ်ခမ်းတို့က 
ခပ်ယဲ့ယဲ့ ပြုံးပြသော အပြုံးတို့သည် ယခင်က
လောက်အသက်ဝင်မှုမရှိတော့သော်လည်း သူ့အတွက် တော့ လှပဆဲ။

"မောင် "

"ဘာလဲကလေး "

"ဟင့်အင်း ဒီတိုင်းခေါ်ကြည့်ချင်လို့ "

"ကလေးပျင်းနေလား ကိုယ်မပြောရသေးတဲ့ ပုံပြင်
ဇာတ်သိမ်းလေးပြောပြမယ်လေ "

"မပျင်းပါဘူး မောင်ရဲ့  အဲ့ပုံပြင်လေးရဲ့ဇာတ်သိမ်းကို
Tae နားထောင်ချင်တဲ့အချိန်မှပြောပြ အခုမပြောနဲ့ဦး
နော်"

"ဘာလို့လဲ ကလေးရဲ့ ပြောပြမယ်ဆိုတိုင်းဘာလို့ငြင်း
နေတာလဲ "

"ဒီတိုင်း နားမထောင်ချင်သေးလို့ပါ မောင်ရဲ့  "

မောင့်ရဲ့ ဆံပင်လေးတွေကို ဆော့ကစားနေသည့် သူမ
လက်ကို မောင်က လှမ်းကိုင်၍စကားဆက်သည်။

"အရမ်းအတွေးမများပါနဲ့ ကလေးလေး မောင်က က
လေးရဲ့ဘေးမှာအမြဲရှိနေတာမို့လို့   ဘာကိုမှတွေးမပူနဲ့နော်"

Just One Day (Completed)Where stories live. Discover now