Chapter 4

4K 375 19
                                    

နေရောင်ခြည် နွေးနွေးနဲ့ မနက်ခင်း လေပြေ အေးအေး က မျက်နှာပေါ်တိုးဝှေ့လာတော့ မထချင် ထချင်နဲ့ ထထိုင်မိသည် ။ မျက်လုံးဖွင့်မကြည့်ဘဲ ဘေးနား ကိုအသာအယာလက်နဲ့ စမ်းကြည့်မိတော့ နွေးထွေး
နေသောအိပ်ယာ…သူမပြုံးမိသည်…ထိုခံစားချက်
လေးကို နှစ်သက်သဘောကျသည် ။ မောင်မဟုတ်ပေမယ့် ဒီလိုနွေးထွေးမှုလေး မခံစားရတာ ကြာပြီမလား… တစ်ယောက်ထဲ အိပ်ရခြင်းကိုမနှစ်သက်သလို တစ်ယောက်ထဲ နိုးထလာရခြင်းကိုလဲ မနှစ်သက် …

"Tae နိုးနေတာကို ဆင်းမလာဘဲ ဘာလုပ်နေတာလဲ ?
ငါ့မှာတော့ မနက်စာပြင်ပြီး စောင့်နေလိုက်ရတာ "

တံခါးဝနားကနေစကားသံလာရာ ကိုကြည့်မိတော့
အချစ်ရဆုံးသူငယ်ချင်း …

Tae :အင်း ဆင်းလာမလို့ဘဲ ခဏလေးထပ်ထိုင်ချင်
သေးတာနဲ့ဆက်ထိုင်နေတာ

Jimin : မယ်မင်းကြီးမ ဆက်ထိုင်မနေနဲ့တော့ မနက်စာစားဖို့ အကုန်အဆင်သင့်ဖြစ်နေပြီ ငါအလုပ်လဲသွားရဦးမယ် နင့်အတွက်မနက်စာပြင်ပေးနေတာနဲ့
အလုပ်နောက်ကျနေပြီ

Tae : အင်းပါ အခုဆင်းလာပြီ နင်ကလဲ နေမကောင်းတဲ့ သူကို ပြောလိုက်ဆိုလိုက်တာဟာ

Jimin : ဟဲ့ ငါကပြောပြတာလေ ငါနင်နေမကောင်းတာကိုလာပြုစုနေရတာ နဲ့ မနက်တိုင်းအလုပ်နောက်ကျနေတာ၅ရက်ရှိနေပြီ

Tae : ကဲတော်ပါတော့ အောက်ဆင်းနှင့် ငါမျက်နှာ
သစ်ပြီးဆင်းလာခဲ့မယ် တကယ်ပါဘဲ ပွစိပွစိပြောတဲ့
နေရာမှာ ငါတို့ ပုလုံးက ရွှေတံဆိပ်ဆုရ

Jimin : သိရင်ပြီးတာဘဲ 15min နေလို့မှဆင်းမလာ
ရင် ဒီထက်ပိုပြောမယ် မြန်မြန်ဆင်းလာခဲ့ 

အရင်ထဲက လုံးလုံးလေးဖြစ်နေတဲ့ နှုတ်ခမ်းကို ထော်
မရှိရှိတဲ့ ဆံပင် အတိုလေးကိုခါ ပြီး တံခါးကို ဂျိမ်းခနဲ့
မြည်အောင်ပိတ်သွားတဲ့ သူငယ်ချင်း ကိုကြည့်ပြီး
စောစောစီးစီး ရယ်လိုက်ရတာ …အခုရက်ပိုင်းနေရ
တာ ပျော်သည်ဟုဆိုရမည် ။ အထီးကျန်မှုကြီးနဲ့
ဝေးဝေးနေရခြင်းဟာ အလွန်ပင် ပျော်ဖို့ကောင်းသည်
မောင်မရှိထဲက တစ်ယောက်ထဲနေလာရတဲ့ အိမ်ကြီးထဲ မှာ အခုတော့ Jimin ရှိနေပြီ ။ တစ်ယောက်ထဲ
မောင့် ကိုလွမ်း၍ ငိုရခြင်းတွေ အထီးကျန်ခြင်းတွေက အခုJimin ရှိ၍ နည်းနည်းတော့ သက်သာသည်။

Just One Day (Completed)Where stories live. Discover now