အခွင့်အရေးဆိုတာ လက်လွှတ် ဆုံးရှုံးမခံသင့်သော
အရာတစ်ခု။ သူမ တောင်းဆိုသည့် တစ်ပတ်ဆိုသော
အချိန်ကာလ သည် သူ့ နှလုံးသား အတွက် အခွင့်အ
ရေး တစ်ခု။ သူ၏ နှလုံးသား သည် သူမ နဲ့ အရင်လ
ိုပြန်နေခွင့်ကိုသူမလိုဘဲ တောင်းဆို နေသည် ။လိုက်လျောလိုက်ရမလား? တစ်ပတ်ဆိုသော အချိန် ဟူသည်မှာလဲ နည်းသော အချိန်ကာလ တစ်ခုမ
ဟုတ်။ အရာအားလုံးကို မေ့ပြီး သူမနဲ့ အတူတူ ပျော်
ပျော်ရွှင် ရွှင်တစ်ပတ်လောက်ပြန်နေသင့်လား?
ဒါမှမဟုတ် တစ်ခါထဲ ကွာရှင်းဖို့ပြောလိုက်သင့်လား?တစ်ခါထဲ ကွာရှင်း ရန် တိုက်တွန်းနေသော ဦးနှောက်
ကို နှလုံးသား က တစ်ပတ်ဆိုသော အချိန်ကာလ ကို
တောင်းဆိုသည်။ အကြိမ်ကြိမ် နာကျင်ပြီးပြီဖြစ်သော
နှလုံးသား၏ ဆန္ဒကို လိုက်လျောချင်သည်။
ဦးနှောက်၏ သတိပေးမှု အမျိုးမျိုးကို မေ့ ပစ်ကာ
သူမပြောသလို တစ်ပတ် သူမနဲ့ အရင်လို အတူတူ
ထပ်နေချင်သည်။တစ်ပတ်ဘဲသူမနဲ့ အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းပြီး
တဲ့ အခါ ကိုယ့်လမ်းကိုယ်လျှောက်မည် ။ သူမ
တောင်းဆို တဲ့ တစ်ပတ်လေးအတွင်းတော့ နာကျင်
စရာတွေ အားလုံး ကိုမေ့ပြီး သူမကို နာကျင်စေခဲ့သမျှ
ပြန်ကုစားပေးချင်သည် ။ သူမလဲ သူ့ကြောင့် အလွန်
ပင်ပန်းခဲ့ရသည် မဟုတ်ပါလား…ခါးသက်လှသော Americano တစ်ခွက်ကို မကုန်မ
ချင်း တစ်စိမ့်စိမ့် အရသာခံကာသောက်နေသော
မောင့်ကို ကြည့်ကာ စိတ်ကမရှည်ချင်တော့။ သူမနဲ့
တစ်ပတ် လေးဘဲ အတူနေရမည်က မောင့်အတွက် အဲ့လောက်တောင် ခက်ခဲနက်နဲ စွာ စဉ်းစားစရာ လို
သည်တဲ့လား…"okလေ "
"ဟင်"
မောင် ပြောသည်ကို သူမ နားမလည်သည့်အကြည့်နဲ့
ကြည့်မိတော့ ခွက်ထဲမှာ နောက်ဆုံးလက်ကျန် Americano ကို တစ်ငုံငုံကာ မောင်ကစကားဆက
်ပြောသည်။"တောင်းဆိုမှုကိုလက်ခံတယ် "
အိမ်မက်လား လက်တွေ့လား ခွဲခြားလို့ မရနိုင်လောက်
အောင်ပင် မယုံနိုင်ဖြစ်ရသည် မှာအမှန်။ မောင် နဲ့
အတူ နေရမည့် တစ်ပတ်ဆို သော အချိန်က တို
တောင်းလွန်းသော်လည်းပျော်ပါသည် ။ မောင်နဲ့ အ
ရင်လို နေရမည်က အခုချိန်မှာ အဓိက ဖြစ်သည် ။
YOU ARE READING
Just One Day (Completed)
Fanfictionမောင်ဘာကြောင့်ရုတ်တရပ်ကြီး အေးစက်ပြီးရက်စက်တတ်သွားတာလဲ ကျွန်မနားမလည်... မောင် ကျွန်မကို မချစ်တော့ သည်ဖြစ်စေ ... မုန်းသွားသည်ဖြစ်စေ ... ကျွန်မကတော့ မောင့်ကို အသက်ထက်ချစ်သည် ...