Chapter 11

4.3K 352 36
                                    

အလုပ်ပိတ်သည့်နေ့တွေဆို မနက်စောစော မထတတ်တဲ့ သူက အခုတော့ သူမဆီသွားရန်စောစော စီးစီးနိုး
နေလေသည်။ အချိန်က 5:00လောက်ဘဲ ရှိသေးတာမို့ အပြင်မှာမှောင်မည်းနေဆဲပင်ဖြစ်သည်။ ပြန်အိပ်ဖို့
ပြင် သော်လည်း အိပ်၍ မပျော်။

အိပ်မပျော်တော့မှာမို့  ရေချိုးခန်းထဲဝင်ကာ ရေမိုး
ချိုးလိုက်သည်။ နည်းနည်းစောသေးသည့် အချိန်ကာလမို့ရေကအေးလွန်းသည် ။ ဌားထားသည့် ကွန်ဒို က ကျန်တာတွေအကုန်ကောင်းပေမယ့် ရေနွေး မရတာတော့တော်တော်ဆိုးသည်။ မိုးရာသီ ဖြစ်နေလို့
အဆင်ပြေနေသေးပေမယ့်ဆောင်းရာသီ မှာ ဒီလိုရေ
အေး မျိုး နဲ့သာချိုးရမည် ဆိုလျှင် သူ၏ ဘဝက မ
တွေးရဲစရာ။

ရေက အေးလွန်းသဖြင့် မြန်မြန်ချိုးပြီးထွက်လာကာ
အကျီင်္ိလက်ရှည်တစ်ထည်ကို ဘီဒို ထဲမှရှာ ကာ
ကောက်ဝတ်လိုက်သည်။ သူမဆီသွားရန် အချိန်က
စောလွန်းသေးတာမို့ မကျယ်သော်လည်း မကျဉ်းသည့် မီးဖိုချောင်လေးထဲသို့ဝင်ကာတည်ထားသည့်ရေနွေးလက်ကျန်လေးဖြင့် coffeeပူပူ လေးတစ်ခွက်ဖျော်ကာ အရသာခံသောက်နေမိသည်။

မနက်စောစောစီးစီး TV ဖွင့်ကြည့်မိတော့ သတင်းတွေမှအပ ကျန်တဲ့အစီအစဉ်တွေလာခြင်းမရှိ။ သတင်း
တွေဘဲ ထိုင်ကြည့်နေရတာကြာတော့ ပျင်းသလိုလို
ဖြစ်လာတာကြောင့် သောက်လက်စ coffee ခွက်ကို
ဘေးချကာ အပျင်းတစ်ချက် ဆန့်လိုက်သည်။ အခန်းနံရံတစ်ဖက် တွင် ကပ်ထားသော နာရီ ဆီအကြည့်
ရောက်မိတော့ 5:30။

အရင်ရက်တွေဆို အချိန်တွေက ကုန်တာ မြန်လွန်းပေမယ့် ဒီနေ့ တော့ ယခင်နေ့တွေကနှင့်မတူ အချိန်တွေ
ကုန်တာကြာလွန်းနေသည်။ သူမ ဆီသွားချင်နေပြီ
ဖြစ်သော်လည်းကောင်းကင်အနေအထားကပင် အခုထိ မှောင်မည်းလျက်ရှိနေဆဲ။ စိတ်မရှည်တော့ဟန်
ဖြင့် ဆံပင်ကို တစ်ချက်ထိုးဖွကာသောက်လက်စ coffeeကိုသာဆက်သောက်၍ မကြည့်ချင်သည့်
သတင်းတွေကိုသာထိုင်ကြည့်နေမိသည်။

ဖျော်ထားသည့် coffee တစ်ခွက်ကုန်သွားသော အခါ
မိုးလဲထိန်ထိန်လင်းနေပြီဖြစ်သည်။ 6:00 လဲထိုးနေပြီ
ဖြစ်တာကြောင့် အခန်းထဲဝင်ကာ မျက်နှာပေါ်သို့
ခပ်အုပ်အုပ်ကျနေသည့် ဆံပင်တို့ကို သပ်သပ်ရပ်ရပ်
သပ်တင်…ဝတ်ထားတဲ့ လက်ရှည်အပေါ်မှကုတ်တစ်ထပ် ထပ်ဝတ်ကာ ဘီဒို၏ အောက်တစ်ဆင့် အံဆွဲထဲမှ သူမပေးထားသည့် နာရီလေးကိုထုတ်ဝတ်ကာ တစ်
ချက်ပြုံးမိသည်။

Just One Day (Completed)Where stories live. Discover now