Chapter 3

4.8K 398 18
                                    

မီးရောင် မှိန်ပျပျ အောက်မှာ ရှုပ်ယှက်ခတ်နေတဲ့လူ
တွေအသံတွေကလဲ ဆူညံလို့ … ဘယ်လောက်ဘဲ ဆူညံညံ နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက် …
ခွက်ထဲက ခပ်ပြင်းပြင်း ဝီစကီကိုတစ်ချက်မော့လိုက်
တော့ ခါးသက်သက် အရသာက နှလုံးသားထဲက
လွမ်းသည့် စိတ်ကို ပိုပြင်းထန်စေသလိုလို…
hkhk မေ့လို့ရအောင် သောက်နေပါတယ်ဆိုမှ
မေ့လို့မရတဲ့ အပြင် ပိုလို့တောင် သတိရသေးသည် !.
နှလုံးသားက ပြေးတွေ့ဖို့ ဦးနှောက်ကို ခွင့်တောင်း
သည် …ဦးနှောက်ကလဲ နှလုံးသားကတောင်းဆိုသည်ကို ရက်စက်စွာ လစ်လျှူရှုသည်…ချစ်သည် ချစ်လွန်းလို့ခံစားရသည် …
သူမ ကိုမေ့ဖျောက်ဖို့အဲ့လောက်တောင်ခက်သည်တဲ့လား?အရူးလိုမင်းကို ချစ်တဲ့ သူကို သစ္စာဖောက်ရလို့ သိပ်ပျော်နေမယ်ထင်ခဲ့တာ …
အခုတော့ သူမကျွန်တော့်ကိုကြည့်တဲ့မျက်ဝန်းတွေထဲမှာမျက်ရည်စတွေနဲ့…
မင်းပျော်နေခဲ့သင့်တာ ကလေး…ကိုယ့် အသည်းကို
ရက်ရက်စက်စက်ခွဲပြီး မင်းပျော်နေသင့်တာ !.
ဘာလို့အခုမှကိုယ့်ရှေ့မှာ ဝမ်းနည်းမှုတွေပြည့်နှက်နေတဲ့ပုံနဲ့ မင်းပေါ်လာရတာလဲ? စဉ်းစားရင်း ရင်ဘက်ထဲကအောင့်သည် ကိုယ်ချစ်တဲ့သူက ကိုယ့် အပေါ်
သစ္စာဖောက်တာ အရမ်းကိုနာကျင်ရတယ်မလား?

-------------------------------------

*Yolo yolo yolo yo yolo yolo yo
Tangjinjaem tangjinjaem tangjinjaem*

ph screen ပေါ်ကို ကြည့်လိုက်တော့
*Jeon Jungkook*
hoseok အခုမှစိတ်အေးရတော့သည်
အစည်းအဝေးက 3:00 ထဲက စနေတာ
Jungkook ကတော့ 7:00ထိပေါ်မလာ …
အစည်း အဝေး ခန်းထဲကလူတွေကိုတောင်းပန်ပြီး
ပြန်လွှတ်လိုက်ပေမယ့် စိတ်ကမအေးနိုင် …
Jungkook ဆိုသည်မှာ အလုပ်နဲ့ပတ်သက်လျှင်
အလွန်တိကျတဲ့ လူတစ်ယောက် …အခုလို နောက်ကျ
ခြင်းကပုံမှန်မဟုတ်တာကြောင့် စိတ်ပူရသည် …
အလုပ် မှာ သူသည် Jungkook ရဲ့ အတွင်းရေးမှူး
ဟု နာမည်ခံထားသော်လည်း ငယ်ငယ်ထဲကပေါင်းလာတဲ့ သူငယ်ချင်းတွေဆိုတော့ တစ်ခုခု များဖြစ်နေသလားဟုတွေးပူရသည် …hoseok သက်ပြင်းတစ်
ချက်ချကာph ကောက်ကိုင်လိုက်သည်

JH : Jeon မင်းဘယ်မှာလဲ ငါph ခေါ်နေတာ လဲ
အကြိမ်ပေါင်း မရေမတွက်နိုင် ph မကိုင်နိုင်ရအောင်
ဘာလုပ်နေလို့လဲ ဘာလဲ မင်းက သူငယ်ချင်းအချင်း
ချင်းချေတာလား စိတ်ပူနေတာကို >< Hoseokကိုအဲ့လိုလာလုပ်လို့မရဘူး  Jung Hoseok တဲ့နော် တစ် seok ဘဲ ရှိတယ် 2 seok ရှိရင် ချက်စားပလိုက်မယ်

Just One Day (Completed)Where stories live. Discover now