ဆောင်းရာသီဝင်လာပြီဖြစ်တာကြောင့် တိုက်ခတ်လာ
သော လေအေးကြမ်းကြမ်းတစ်ချို့ ။ ဝတ်လာသည့်
Hoodie အနက်ကို ခေါင်းလုံအောင်စောင်းလိုက်၍
Kim Nam Joon ဆိုသည့် လူ ချိန်းသည့် နေရာသို့
ထွက်လာခဲ့သည်။မတွေ့ရန်စဉ်းစားထားသော်လည်း ဘာကြောင့်
ထိုလူက သူ့ကိုတွေ့ချင်မှန်းသူသိချင်သည်။
Company နှစ်ခု အလုပ်အတူ တွဲလုပ်နေခြင်း
ဖြစ်သော်လည်း အစည်းအဝေး တစ်ချို့ ၌ သာ
တစ်ခါတစ်လေ တွေ့ဖူးခြင်း။သူ့ကိုသူမနှင့် ပတ်သက်၍ ခေါ်တွေ့သည်ဆိုသည်
မှာသူ့စိတ်က သိနေသည်။ သူ့ကို လှောင်ရယ်ဖို့လား?
ဒါမှမဟုတ်သူမနဲ့ ပတ်သက်ခဲ့သည့်အတွက် တောင်း
ပန်ဖို့လား? ရှုပ်ထွေးလာသော စိတ်တို့ကို လေပူ
အဖြစ် မှုတ်ထုတ်မိတော့ ပါးစပ်မှအငွေ့ တစ်ချို့
က လေထဲတွင် ထင်းခနဲ။cafe ဆိုင်အဝ၌တည်ရှိသော ပြောင်လက်နေသည့်
မှန်တံခါးကို တစ်ချက်တွန်းဖွင့်ကာ ဆိုင်အတွင်း သို့
ဝေ့ဝဲ ကြည့်မိသည်။ သို့သော် Kim Nam Joon ဆို
သည့် လူ၏ အရိပ်တောင်မတွေ့။ တွေ့သည့် စားပွဲ
ဝင်ထိုင်ကာ သောက်နေကြအတိုင်း Americano
တစ်ခွက်သာ လာချပေးရန် စာအုပ်နှင့် ဘောပင်ကို
အသင့်ကိုင်ကာ ရပ်စောင့်နေသည့် စားပွဲထိုးလေးကို
မှားကြားမိသည်။သူမနှင့် မနေ့ကဖြစ်ခဲ့သည့် ကိစ္စကြောင့်လား… ဒါမှ
မဟုတ် အိပ်ဆေးသောက်တာများသွားခဲ့လို့လားမသိ။
သူ၏ စိတ်တို့က မိုးရွာခံနီး အုံ့မှိုင်းမှိုင်းအနေအထား
တွင်ရှိသည့် တိမ်မည်းတစ်ချို့ ကဲ့သို့ မကြည်မလင်
ဖြစ်နေသည့် အနေအထား။ စိတ်မကြည် လင်သည်
ထက် လေးလံနေသည်ဆို ပိုမှန်မည်။ပြင်းထန်သော မုန်တိုင်းတစ်ခုမတိုက်ခတ်မှီ လေပြေ
အေးအေး လေးတိုက်ခတ်နေသကဲ့သို့ စိတ်ထဲတွင်တစ်ခုခုကိုထင့်နေသည်။ စိတ်ရှုပ်မှုတွေပြေပျောက်စေရန်
စားပွဲထိုးလေးလာချပေးထားသည့် Americano
ကိုတစ်ချက်မော့ကာ ဆိုင်ထဲ တွင်ဖွင့် ထားသည့်
သံစဉ်အေးအေးလေးကိုသာ ဘာမှမတွေးတောဘဲ
နားထောင်နေမိသည်။စောင့်ရတာ အချိန်နာရီဝက်လောက်ရှိပြီဖြစ်သော်
လည်းထိုလူက ရောက်မလာသေး။ အချိန်ကိုမလေးစားတတ်သည်ကို သူမုန်းသည်မှာမှန်သော်လည်း ထိုလူ သူ့ကို တွေ့ချင်ရခြင်းအကြောင်းအရင်းကို သိချင်တာကြောင့် ဆက်လက်စောင့်ဆိုင်းမိသည်။
YOU ARE READING
Just One Day (Completed)
Fanfictionမောင်ဘာကြောင့်ရုတ်တရပ်ကြီး အေးစက်ပြီးရက်စက်တတ်သွားတာလဲ ကျွန်မနားမလည်... မောင် ကျွန်မကို မချစ်တော့ သည်ဖြစ်စေ ... မုန်းသွားသည်ဖြစ်စေ ... ကျွန်မကတော့ မောင့်ကို အသက်ထက်ချစ်သည် ...