" မှူးလေး...ဘာပေါက်ကရတွေပြောနေတာလဲ"
ဘယ်အချိန်ကရောက်နေမှန်းမသိသော ကိုကြီးက ဝင်ဟန့်လေသည်...
Grace ကရယ်ပဲရယ်နေလေသည်...
" မိမိရေ ငါ့ကို သမီးပေးပါ တခါတည်းတောင်းလိုက်ပီးနော်....ဟုတ်တယ်မလားသား"
သူ့မသားကြီးအား လှည့်မေးလေသည်..."ဟုတ်"
ကိုကြီးကလဲ ခပ်တည်တည်ဖြင့်ခေါင်းညိမ့်လေသည်...
" ဟာ...ကိုကြီး ဟန်လေးဘာလေးဆောင်ပါဦး"
ထိုသို့ပြောလိုက်တော့ ကိုကြီးက ကျွန်တော်အား
လက်သီးထောင်ပြလေသည်...ကျွန်တော်ကလဲ
လျှာပြန်ထုတ်ပြလိုက်သည်...
ကိုကြီးကတော့
မနိုင်ဘူးဆိုပီး ဘာမှမပြောတော့
မှူးလေးလုပ်သမျှကို လိုက်ကြည့်နေသော AD ကတော့ ပြုံးပီး " ချစ်ဖို့ကောင်းလိုက်တာကွာ"
ငါ မှူးလေးအပေါ်မှာရိုးရော ရိုးရဲ့လား ငါကခြောက်နေတာလား....
ယောင်္ကျးအချင်းချင်းကို " ကျွတ်" ဆိုပီး အသံထွက်မိတော့" အကို ရရဲ့လား ကျွန်တော်ဘာလုပ်ပေးရမလဲ" ဆြိုပီး ဘယ်အချိန်ကတည်းက ကော်ဖီ နှင့်မုန့်ယူပီးထိုင်နေမှန်းမသိ
" စားလို့ရပီအကို"
မေမေတို့က ခုနက သားရေးသမီးရေးကိစ္စပြန်ပြောလေသည်..." မိမိရေ ...သားကတော့ မီးစိမ်းပြနေပီ...သမီးလေးဘက်ကရော"
ဒေါ်ဖြူလေးပြောတော့ မိမိမှာ သမီးဖြစ်သူအားကြည့်လိုက်လေသည်...ဘယ်လိုသဘောရလဲဆိုသောအကြည့်.....
" မေမေတို့သဘော" ဆိုပီးရှက်ဝဲဝဲလေးနှင့်ဖြေလာသော Grace
" ကဲအားလုံးအဆင်ပြေသွားပီဆိုတော့ ဘုရားသွားရင် မင်္ဂလာ ရက်တခါတည်းရွေးလိုက်တော့မယ်"ဆြိုပီးဒေါ်ဖြူလေးမှာ တက်ကြွစွာပြောလာလေသည်
" သားကြီး ကားသွားထုတ်ထား... Air con ပါတခါတည်းဖွင့်ထားလိုက်တော့... မေမေတို့ ခဏနေထွက်ခဲ့မယ်
AD ကတော့ မုန့်စားချင် မစားချင်နှင့်စားနေလေသည်..." ကဲ... သား AD မေမေတို့သွားမယ်နော်... တခုခုဆို ဖုန်းဆက်နော်... ခိုင်းစရာရှိတာ မှူးလေးကို အကုန်ခိုင်းနော်"
" ဟုတ် အန်တီ စိတ်ချပါ ကျွန်တော့်ကို ...သွားတော့နော်"
ခဏနေတော့ ကားသံကြားရလေသည်....
ကော်ဖီ ပူပူသောက်လိုက်လို့လားမသိ ချွေးတွေထွက်လာလေသည်...
