သင်္ကြန်လည်ရတော့မှာမို့ ကျွန်တော်မှာ အပျော်ကြီးပျော်နေမိသည်... ခါတိုင်း နှစ်တွေဆို ရန်ကုန်လောက်ပဲလည်ခိုင်းတတ်တဲ့ အမေကြောင့် မှူးလေးတခါမှ ခရီးမထွက်ခဲ့ရပေ...
အခုတော့ မန္တလေးရော ပြင်ဦးလွင်ရော သွားရတော့မှာမို့ အရမ်းစိတ်လှုပ်ရှားနေမိသည်....'' သားငယ်... အဝတ်တွေထည့်ပီးပီလား.. အနွေးထည်များများထည့်သွားနော် အအေးပတ်မယ်... နေပါဦး..မိုးကာအင်္ကျီပါယူသွား...''
'' မေ.. သား သင်္ကြန်လည်မှာနော်... ကျောင်းသွားမှာမဟုတ်ဘူး...ဘာလို့ မိုးကာ အင်္ကျီ ယူရမှာလဲ..''
မေက ခေါင်းသာခါရမ်းနေပီး အလျော့မပေးသည့်ပုံစံဖြင့်
'' မရဘူးသားငယ်.. သားက ကျန်းမာရေးက ချူခြာတာနဲ့... မေ့စကားနားမထောင်ရင် မလိုက်ရဘူးနော်''" မေစိတ်ကြိုက်သာထည့်တော့... "
ဆိုပီးမှူးလေးတစ်ယောက်စူပုတ်နေတော့သည်...
"ငယ်လေးပီးပီလား... ခဏနေကားလာတော့မယ်နော်"
"ပီးပီကိုကြီးရေ ... မေမေက လိုအပ်တာလေးတွေ ဖြည့်ပေးနေလို့"
" မေဆေးထည့်မနေနဲ့ သားငယ်လေးအတွက်အကုန်ထည့်ထားတယ်"
ဒေါ်ဖြူလေးက ပြုံးပီး
"ဒါကြောင့်မို့ သားကြီးလက်ထဲ့ မေ့သားငယ်လေးကို စိတ်ချ လက်ချထည့်နိုင်တာ"
"မေရယ် .. မေတို့ပြောမှပဲ သားက လူပမာ ကြီးနဲ့ကိုတူလို့"
" အဲလိုမဟုတ်ပါဘူးငယ်လေးရာ.... မေနဲ့ ကိုကြီးက
ဒီခွေးပေါက်လေးကို ဘယ်အကြောင်းကြောင့်မှ ပွန်းပဲ့မခံနိုင်လို့"မှူးလေးမှ ကျေနပ်သွားသော အမူအယာဖြင့် ရုတ်တရက်ထလာပီး ကျွန်တော် နှင့် မေမေ့ကို အတင်းဖက်ကာ
"သားဒီမိသားစုမှာ လူဖြစ်ခွင့်ရတာ အရမ်းကျေနပ်တာပဲ... ပီးတော့ အရမ်းချစ်တယ်" ဆိုပီး မေ့ နှင့် ကျွန်တော် အား လှမ်းနမ်းလေသည်...ဒေါက် ဒေါက်...
"အကိုတို့ရေ အိမ်ရှေ့ကားရောက်နေပီ... သားအမိတွေအလွမ်းသယ်နေကြတာ မပီးသေးဘူးလား"
ဆိုပီး Grace ကလှမ်းအော်လေသည်...
" ပီးပီ သမီးရေ လိုအပ်တာလေးတွေ မှာနေလို့ ...
သားငယ်လေးကိုစိတ်မချလို့လေ..."